Epi-4

6.6K 464 50
                                    

Uni Code

" ဉီးငယ်... ဘာချက်နေတာလဲ "

မီးဖိုချောင်ထဲ ဘယ်အချိန်က
၀င်လာမှန်းမသိတဲ့ ဟန်ဆက်က
အသံမပြုဘာမပြုဘဲ ရုတ်တရပ်
စကားထပြောတာကြောင့်
ငရုတ်သီးစိမ်းများကို ခပ်ပါးပါးလှီးနေတဲ့
နေမင်းခန့်ခမျာ လန့်သွားကာ
လက်ကို ဓားထိသွားလေသည်။

" အ့.... "

ဟန်ဆက်သာ ဉီးငယ် အော်သံကြားရ၍
စိတ်ပူသွားတာကြောင့်
ဉီးငယ်အနား အမြန်သွားလိုက်သည်။
ထို့နောက်သွေးများထွက်နေတဲ့
လက်ညှိုးထိပ်က ပြတ်ရှရာ တစ်ခုကို
တွေ့လိုက်တာကြောင့်
ဟန်ဆက်သာ လန့်သွားပြီး ဉီးငယ် လက်ကို
အလျှင် အမြန်ဆွဲယူကာ သူ့ပါးစပ်ထဲ
ထည့်စုပ် လိုက်သည်။

" ဟန်ဆက်..ရတယ် ရတယ် ...
ကိုယ်.. ကိုယ့်ဘာသာ လုပ်မယ်"

ဉီးငယ်က သူ့လက်ကို
ဟန်ဆက်က စုတ်ပေးနေ၍ ထင်
အားနာနေဟန် ဖြစ်ကာ
ဟန်ဆက်ကို ဆက်မလုပ်ဖို့ တားလေသည်။
သို့သော် ဟန်ဆက်သာကတော့
ဂရုမစိုက်ဘဲ ကိုယ့် crush ဆီက
မျက်နှာသာရရေး ဒို့အရေးဖြစ်နေတာမို့
အားရပါးရ ဆက်စုပ်နေလိုက်သည်။

သို့ပင်မဲ့ ဘာကြောင့်မှန်းမသိ
ဟန်ဆက်သာ ဉီးငယ်လက်ညှိုးကို စုပ်နေရင်း
ပါးစပ်ထဲ စပ်လာသလို ခံစားရတာကြောင့်
ဘေးဘီစီ အကြည့်ပို့မိတော့ စဉ့်နှီတုန်းပေါ်က
လှီးလက်စငရုတ်သီးစိမ်းများနဲ့ ဓားတစ်ချောင်းကို
တွေ့လိုက်ရ၍ ဟန်ဆက်သာ
မျက်ရည်များ ဝဲချင်သွားသည်။
လက်စသတ်တော့ ငရုတ်သီးစိမ်းတွေကြောင့်
သူစပ်နေတာကို ။ ငယ်ငယ်လေးတည်းက
အစပ်မစားသူမို့ နည်းနည်းလေးစပ်တာတောင်
သူ့အတွက်မခံနိုင်ပေ...အခုတော့
ဉီးငယ်ရဲ့ ငရုတ်သီးစိမ်းကိုင်လှီးထားတဲ့
လက်ညှိုးကို အားရပါးရရှယ်စုပ်နေရသည်။
ဉီးငယ်ရယ်...လှီးစရာရှားလို့
ဘာလို့ ငရုတ်သီးစိမ်းကိုမှ လှီးနေရတာလဲလို့ ။

" ရပြီ... ဟန်ဆက် ... လွှတ်လိုက်တော့
သွေးတိတ်နေလောက်ပြီ "

ဟန်ဆက်သာ ဦးငယ်စကားကို
နားထောင်ကာ ဉီးငယ်လက်ညှိုးကို
လွှတ်ပေးလိုက်ပြီး ရေခဲသေတ္တာနား
အ​ပြေးသွားကာ ရေသွားသောက်တော့သည်။
နားမထောင်လို့လည်းမရ သူတော်တော်
စပ်နေလေပြီ ။ ဘယ့်နှယ်ဗျာ
Korea series တွေထဲကလို
Crush ရဲ့သွေးထွက်နေတဲ့လက်ကို
ပါးစပ်လေးထဲ ထည့်ငုံကာ အကြည့်ချင်းစုံပြီး
ro ရမလား အောက်မေ့ပါတယ်။
သောက်ကောင်းကျိုး မပေးတဲ့ ငရုတ်သီးကြောင့်
ro ဖို့နေနေသာသာ ချွေးတွေပါရှယ်ပြန်ရတယ်။
ငါ-ိုးမ ကောင်းကျိုးမပေးတဲ့ငရုတ်သီး။

Don't Put Me In Unclezone(U+Z)Where stories live. Discover now