Epi-22

4.4K 289 33
                                    

Uni Code

" ငါနဲ့ ဟန်ဆက်သာ
ချစ်သူတွေ ဖြစ်သွားရင်
နင်ဘယ်လို လုပ်မှာလဲ.... "

နေမင်းခန့်ဆီမှ ခန့်မှန်းထားတာနဲ့
ခြားနားစွာ ကြားလိုက်ရတဲ့ စကားကြောင့်
လွှာ အံ့သြသွားရသည်။
သို့သော်လည်း ဒီကိစ္စကို
သူကြိုပြီး သိထားတာမလို့
သူ့မှာ စဉ်းစားစရာမလိုအောင်ကို
အဖြေက ရှိပြီးသားပင်။

" ငါ့ကို ဒီလို မေးနေပုံထှောက်ရင်
နင် သားသားအချစ်တွေကို
လက်ခံတော့မယ်ပေါ့... ဟုတ်တယ်မလား "

" နင်.. သိနေတာလား လွှာ "

" သိတာပေါ့... နေမင်းရဲ့
ငါတို့မှာ မိသားစုဆိုလို့
ငါရယ် ...သားသား ရယ်ပဲရှိတာလေ...
အဲ့တော့ ငါတို့တစ်ယောက်ကိုတစ်ယောက်
ဘယ်ကိစ္စပဲ ဖြစ်ဖြစ်
အကုန် ပွင့်ပွင့်လင်းလင်းပြောဖြစ်ကြတယ် "

" ဪ.... "

" အဲ့တော့ နင်စိတ်ပူစရာမလိုပါဘူး
ငါ...နင့်တို့ကို သဘောတူတယ် "

လွှာ နေမင်းကို သဘောတူကြောင်း
ပြန်ပြောပြလိုက်သော်လည်း
တစ်ဖက်က နေမင်းမှတော့
အတန်ကြာအောင်ထိ တိတ်နေပြီးမှ
အသံပြန်ထွက်လာသည်။

" ဘာလို့လဲ လွှာ...
ပုံမှန်ဆို သဘောတူရမှာမဟုတ်ဘူးလေ...
ဒါက ဘယ်လို ကြည့်ကြည့်
သဘာဝကို လွန်ဆန်နေတဲ့
ကိစ္စကြီးမဟုတ်လား ... ပြီးတော့
ဟန်ဆက် သာ ငါနဲ့ ယူဖြစ်သွားရင်
နင်တို့ မျိုးဆက်က ပြတ်သွားမှာနော် လွှာ.. "

လွှာ နေမင်းခန့် စကား​ကို
နားထောင်နေရင်း
နှုတ်ခမ်းများ ကော့ညွှတ်သည်အထိ
ပြုံးကာနေမိသည်။

နေမင်းခန့်ဆိုတဲ့
သူ့သူငယ်ချင်းလေးက
ဘယ်ချိန် ဖြစ်ဖြစ် တစ်ပါးသူအပေါ်
စာနာပြီး တွေးပေးတတ်လွန်းသည်။
လွှာသာ ဒီကိစ္စကို လက်မခံဘူးပြောကြည့်
အဲ့တာက ဘယ်လိုပဲ သူ့ရဲ့ပျော်ရွှင်မှုဖြစ်နေပါစေ...
ရှေ့ဆက်မတိုးဘဲ လက်လွှတ်ပေးမယ့် လူမျိုးပင်။

" နေမင်း... နင့်ကိုယ်နင် ဘယ်နှစ်ခုနှစ်မှာ
နေနေတယ်လို့ ထင်နေတာလဲ....
တိုးတက်နေတဲ့ ဒီခေတ်ကြီးမှာ
မျိုးဆက်ဆိုတာလည်း လုပ်ယူလို့ ရနေပြီလေ....
ငါက ဒါ့အတွက်ကြောင့်နဲ့
နင်တို့ကို ခွဲရမှာလား...အဓိပ္ပါယ်မရှိတာ...
ငါတစ်ခါတည်း ပြောမယ်နော်
ငါ့အတွက် ငါ့မိသားစုရဲ့
ပျော်ရွှင်မှုက အရေးကြီးဆုံးပဲ...
ပြီးတော့.. အဲ့ဒါကို ငါဘာနဲ့မှ မလဲပေးနိုင်ဘူး... "

Don't Put Me In Unclezone(U+Z)Where stories live. Discover now