Uni Code
ဟန်ဆက်သာ ဗိုက်ခွဲထား၍
လှုပ်လို့အဆင်မပြေတာကြောင့်
တစ်နေ့လုံး ကုတင်ပေါ်မှာသာ
အိပ်လိုက် Ph သုံးလိုက်လုပ်နေသည်။
အခုလည်း ပျင်းလာတာကြောင့်
စောစောကလေးတင် Power Bank နဲ့
အားသွင်းထားတဲ့ ph အား လှမ်းယူပြီး
Facebook ထိုင်သုံးနေလိုက်သည်။Facebook သုံးနေရင် noti တက်လာ၍
သူ ၀င်ကြည့်လိုက်တော့ အလင်းရောင်က
post တစ်ခုတင်ထားခြင်းဖြစ်သည်။
Facebook ကလည်း တစ်ခါတစ်ခါကျ
စိတ်တိုဖို့ကောင်းသည်။ သူတို့ဘာသာသူတို့
post တင်တင် post share shae ဟန်ဆက်သာနဲ့
ဘာတွေများ ဆိုင်နေလို့ သူ့ဆီမှာ
သူတို့နဲ့ပတ်သတ်တဲ့ noti တွေ
လာတက်ရသနည်း။ တစ်ကယ်ပါ
စိတ်မကြည်နေတဲ့အချိန်ဆို
အဲ့တာတွေက တအားစိတ်ရှုတ်ဖို့ကောင်းသည်။ဟန်ဆက်သာလည်း ပျင်းရိနေတာမို့
လုပ်စရာလည်းမရှိသည့် အတူတူ
အလင်းရောင် တင်ထားတဲ့ Post ကိုသာ
၀င်ကြည့်လိုက်သည် ။ သို့သော်
ထို post ကို မြင်လိုက်တဲ့ အချိန်မှာ
သူ့မျက်လုံးတွေ ကန်းသွားသလို
ခံစားလိုက်ရသည်။ ဘယ့်နှယ်ဗျာ..
တင်ထားတဲ့ post က
** ဖြစ်ပြီးရင် ပျက်တဲ့ဘ၀မှာ
အညိုနဲ့တော့ မြဲချင်ပါတယ် **
တဲ့လေ....အဲ့ကောင်ရဲ့ အရူးရင့်ပုံက တစ်ဖြည်းဖြည်းကို
ပိုပိုဆိုးနေတာမဟုတ်ဘူးလား... ။ ထို့နောက်
ဟန်ဆက်သာ အလင်းရောင် post အောက်မှာ
** စောက်ရူး ** ဟု ငြင်ငြင်သာသာ
comment ၀င်ရေးလိုက်သည်။ထို့နောက်ဟန်ဆက်သာ comment ကို
အလင်းရောင်က ချက်ချင်း
reply ပြန်လာလေသည်။ ထို reply ကတော့
** စောက်ရူးဆိုပင်မဲ့ ငါ့မှာက
ငါ့ကို ထိန်းပေးမဲ့ဘဲရှိတယ်...
မင်းမှာက ရှိလို့လား**
ဟူ၍ ပင်။ဟန်ဆက်သာ မှာ အလင်းရောင်
က သူ့ကိုနှိမ်ပြီး Reply ပြန်လိုက်တာတောင်
သတိမမူနိုင်ဘဲ.. ငါ့မှာ ဘဲရှိတယ်ဆိုတဲ့
comment reply ကိုပဲ စိုက်ကြည့်နေရင်း
စိတ်ထဲမှာလည်း * အဲ့ကောင်နဲ့ ဉီး Jack က
ဘယ်တုန်းက ဖြစ်သွားတာလဲ * ဆိုပြီး
တွေးနေမိသည်။ မနေ့က ဖြစ်သွားတာတော့
ဘယ်လိုမှ မဖြစ်နိုင်... မနေ့ကဆိုင်ပိတ်တဲ့ချိန်အထိ
ဆိုင်မှာ သူရှိနေတယ်မလား.. ဒါဆို ဒီနေ့လား ...
တွေးနေတာထပ် မေးလိုက်တာ က
ပိုပြီးအဆင်ပြေတာကြောင့် ဟန်ဆက်သာအလင်းရောင်ဆီ ph လှမ်းဆက်လိုက်သည်။
YOU ARE READING
Don't Put Me In Unclezone(U+Z)
Romanceကိုယ့်ထပ် ၁၀နှစ်ကြီးတဲ့ အဒေါ်ရဲ့အချစ်ဦးဟောင်းကို မြင်မြင်းချင်း ချစ်မိသွားတဲ့ ၂၀ကျော် ကောင်လေး တစ်ယောက်ရဲ့ အချစ်ရေးပါ ဒီ fic မှာတော့ ကိုယ်တွေ ခွေးစာ ရှယ်စားရမှာပါ :X xxxxxxxxxx Zawgyi Code ကိုယ့်ထပ် ၁၀နှစ်ကြီးတဲ့ အဒေါ်ရဲ့အ...