Epi-7

4.8K 378 34
                                    

Uni Code

မျက်စိတစ်မှိတ် အတွင်းမှာဘဲ
အချိန်တွေဟာ တစ်လလောက်ကုန်သွားပြီး
သူနဲ့ဉီးငယ်ကြားမှာလည်း
သူထင်ထားသလိုမျိုး ဘာကိုမှ
ဖြစ်ဖြစ်မြောက်မြောက် တိုးတက်မှု မရှိခဲ့ပေ။

ဉီးငယ်ကလည်း ဆိုင်ဖွင့်ဖို့ ကိစ္စနဲ့မအားဘဲ
သူကလည်း ကျောင်းနဲ့
စာမေးပွဲ ကြား ဗျာများနေရတာကြောင့်
ဉီးငယ်နဲ့ သေချာဆုံရတဲ့နေ့ဆိုတာက
မရှိသလောက် ရှားပေသည်။

ဒီနေ့တောင် ကျောင်းပိတ်ရက်ဖြစ်ပင်မဲ့
စာမေးပွဲရှိတာကြောင့် သူ့မှာ အားချိန်မရှိပါ။
ဒါပင်မဲ့လည်း ဉီးငယ်နဲ့ အတူ
လေဆိပ်ကို လိုက်ချင်တာကြောင့်
မအားတဲ့ ကြားကနေ လိုက်ခဲ့ခြင်းပင် ။

အခုဉီးငယ်​လာကြိုတဲ့သူက
ဉီးငယ်​ပြောတဲ့စကားအရဆို
ဉီးငယ်နဲ့ ဂျပန်မှာခင်လာတဲ့
မြန်မာသူငယ်ချင်းဖြစ်ပြီး ဉီးငယ်နဲ့Cafe
စပ်တူ ဖွင့်မဲ့ သူလည်းဖြစ်သည်။ပြီးတော့လည်း
အဲ့လူနဲ့ ဉီးငယ်က တိုက်ခန်းစပ်တူ
၀ယ်ထားကြပြီး တီငယ်ပြန်လာတာနဲ့
ဉီးငယ်က အဲ့တိုက်ခန်းမှာ
အဲ့လူနဲ့ သွားနေတော့မှာဖြစ်သည်။

တစ်ကယ်ပါ အခြေအနေတွေက
ဒီလိုပြောင်းလဲမယ်မှန်းသာသိရင်
ကျောင်းရော စာမေးပွဲတွေရော
သူအကုန်ရှောပစ်ပြီး..
ဉီးငယ်အချစ်ကို ရအောင်ယူခဲ့မှာပင်။
အခုတော့ အကုန်လုံးက
ပြင်မရတဲ့အရာတွေ ဖြစ်ကုန်လေပြီ။

ဟန်ဆက်သာ ဉီးငယ်နဲ့အတူ
ဉီးငယ်သူငယ်ချင်းကို စောင့်ပေးနေရင်း
အတွေးများနယ်ချဲ့နေတုန်း
လေယာဥ္ဆိုက်လာလေသည်။
ထို့နောက် ခရီးသည်များ
အလျှိုလျှို ထွက်လာကာ ဉီးငယ်က
သူ့သူငယ်ချင်းကို ရှာနေလေသည်။

" Jack ငါဒီမှာ... "

ဉီးငယ်က သူ့သူငယ်ချင်းကို
အော်ခေါ်ကာ လက်လှမ်းပြလိုက်တာကြောင့်
ဉီးငယ် သူငယ်ချင်း က
ဉီးငယ်ကို တွေ့သွားကာ
မျက်နှာကြီး ပြုံးဖြီးပြီး
သူတို့ဘက်ကို လျှောက်လာရင်း
ဉီးငယ်ကို စကားပြောလာလေသည်။

ဦးငယ်သူငယ်ချင်း
ရှိတဲ့နေရာနဲ့ သူတို့ရှိတဲ့နေရာက
သိပ်မ​ဝေးတာကြောင့် ထိုလူပြောသမျှ
ရှင်းရှင်းလင်းလင်းကြားနေရသည်။

Don't Put Me In Unclezone(U+Z)Where stories live. Discover now