Epi-20

3.9K 278 21
                                    

Uni Code

" မင်းပဲ စဉ်းစားကြည့်ကွာ... အေ့
ဉီးငယ်က ငါလိုချောတဲ့သူကို ... အေ့
ပြန်မချစ်တာ... မလွန်လွန်းဘူးလား ...အေ့ "

ဘီယာလေး ၄ခွက်လောက်သောက်ပြီး
သောက်ကျိုးနည်းကြီးကို
ဟန်ဆက်သာက မူးနေကာ
သူ့အား လာရစ်နေသည်။

" မလွန်ပါဘူး...
သူ့ဘာသာ ပြန်ချစ်ချင် ချစ်မယ်
မချစ်ချင် မချစ်ဘူး....
သူ့လွပ်လပ်ခွင့်နဲ့ သူပဲ "

" အေ့... မင်း...
စောက်ကျင့်မကောင်းတဲ့ကောင်.. အေ့
နှလုံးသား... မရှိတဲ့ကောင်... အေ့
မင်းက ငါ့သူ့ငယ်ချင်းလား.... အေ့
ဉီးငယ်.. သူငယ်ချင်းလား.. အေ့ "

" မင်း သူငယ်ချင်းဆိုတိုင်း
ငါက အမှန်ကိုမပြောဘဲ ငြိမ်နေရမှာလား "

အလင်းရောင် ထိုသို့ပြောလိုက်သောအခါ
ဟန်ဆက်သာက သူ့ရဲ့နှုတ်ခမ်းများအား
ဆူထော်ပစ်ပြီး အလင်းရောင်အား
မကျေမနပ် စိုက်ကြည့်လာသည်။ ထို့နောက်။

" မင်း...လည်းမကောင်းဘူး...အေ့
ဉီးငယ်လည်း... မကောင်းဘူး... အေ့
ဘီယာပဲ ကောင်းတယ်... အေ့ "

" အေး ... အဲ့တာဆိုလည်း
ငါတို့နဲ့ လာမနေနဲ့ ဘီယာနဲ့ပဲနေ "

" အေ့....နေမှာ ... "

ဟန်ဆက်သာမှာ အလင်းရောင်အား
ပြန်ပြောပြီးနောက် စားပွဲပေါ်ရှိ
ဘီယာပုလင်းအား လှမ်းယူကာ
ရင်ခွင်ထဲ ပွေ့ထားရင်း
baby လေးဟု ခေါ်ကာ
တရှုံ့ရှံ့နမ်းနေသည်။

အလင်းရောင်မှာတော့
သူ့ရှေ့အား မြင်ကွင်းအားကြည့်က
နောင်တ အကြီးကြီးရနေမိသည်။

သူ ဒီကောင်ကို
ပိုက်ဆံအိတ်ပေးပြီးတာနဲ့ ထားခဲ့ရမှာ
အခုတော့ လျှာရှည်ပြီး ထိုင်မိတာ
ဒီအမူးသမားကို ထိန်းရတော့မယ်...။
ဟင်း... ၀ဋ်ကြွေးတွေ ၀ဋ်ကြွေးတွေ...။

အလင်းရောင် ဟန်ဆက်သာအား
စိတ်ပျက်စွာကြည့်နေရင်း..
အခြေအနေ ဒီထက်ပိုပြီး ဆိုးမလာခင်
အိမ်ပြန်ပို့ပေးရန် စဉ်းစားလိုက်သည်။

ထို့ကြောင့် မတ်တပ်ထရပ်လိုက်ပြီး
ဟန်ဆက်သာ ရင်ခွင်ထဲ၌ထည့်ထားသည့်
ဘီယာပုလင်းအား ဆွဲယူကာ
စားပွဲပေါ်တင်လိုက်သည်။ထို့နောက်
ဟန်ဆက်သာအား ဆွဲထူရင်း ပြန်ရန်
ပြောလိုက်သည်။

Don't Put Me In Unclezone(U+Z)Where stories live. Discover now