Epi-17

4K 306 28
                                    

Uni Code

" နေမင်းခန့်... ငါ Order တွေ
သွားပို့မလို့ လိုက်ခဲ့ဉီး..."

Jack က လက် ၂ဖက်အပြည့်
မုန့်ဘူးများကိုဆွဲရင်း
နေမင်းခန့် အနားသို့ရောက်လာလေသည်။
ပုံမှန်ဆို Order သွားပို့တိုင်း
အလင်းရောင်ကို ခေါ်သွားနေကြသူက
ဒီနေ့မှ သူ့ကို ထူးထူးဆန်းဆန်း
လိုက်ခဲ့ဖို့ခေါ်တာကြောင့် နေမင်းခန့်
မျက်ခုံးပင့်သွားသည်။ နေက ဒီနေ့
အနောက်အရပ်က ထွက်လာတာလား။

" အလင်းရောင်နဲ့ မသွားဘူးလား "

" အင်း... မင်းနဲ့သွားချင်လို့ ....
ဒီရောက်တည်းက မင်းနဲ့ငါ
နှစ်ယောက်တည်း အပြင်မထွက်ရတာ
ကြာပြီမလား ... "

နေမင်းခန့် လည်း Jack ပြောတာက
မှန်နေတာကြောင့် ခေါင်းညိတ်ပြရင်း
လိုက်ဖို့ သဘောတူလိုက်သည်။

" အဲ့တာဆို ခဏစောင့်ဉီး...
ငါ ဟန်ဆက်ကို သွားပြောလိုက်ဉီးမယ် "

" မင်းကလည်း... အပြင်တစ်ခါ
ထွက်ဖို့တောင် သံတော်ဉီးတင်နေရတယ် "

" ဒါ... သံတော်ဉီးတင်တာမှမဟုတ်တာ
အသိပေးတာ... "

" ဟင်း...အတူတူပဲကို.... "

" ဘယ်နေရာမှ မတူဘူး "

" အေးပါကွာ... ဟုတ်ပါပြီ "

အညိုရောင်လည်း နေမင်းခန့်နဲ့
ပြိုင်ငြင်းချင်စိတ်မရှိတာကြောင့်
ထပ်မငြင်းတော့ဘဲ
အလျှော့ပေးလိုက်လေသည်။
ထို့နောက် နေမင်းခန့်က
Counter နားမှာ အလင်းရောင်နဲ့
စကားပြောနေတဲ့ ဟန်ဆက်သာဆီသို့
သွားလေသည်။

အညိုရောင် နေမင်းခန့်သွားတာကို
လိုက်ကြည့်နေရင်း counter မှာ
မတ်တပ်ရပ်နေတဲ့ အလင်းရောင်နဲ့
အကြည့်ချင်း ဆုံမိသွားတာကြောင့်
ကပျာကယာ အကြည့်လွှဲလိုက်သည်။
သူအခုထိ အလင်းရောင်နဲ့ကိစ္စကို
ဘယ်လိုဆုံးဖြတ်ရမှန်း မသိသေးပါ ။
အလင်းရောင်ကို သူဖြတ်ဖို့
စဉ်းစားလိုက်တိုင်း ဘာကြောင့်မှန်းမသိ
စိတ်တွေ လေးပင့်လာသည်။ သေချာတာက
သူစိတ်ကအရင်လို မပြတ်သားတော့ပေ။

" သွားမယ် Jack ..ရပြီ "

နေမင်းခန့် အသံကြောင့်
အညိုရောင် စဉ်းစားနေတာမှ ရပ်လိုက်ကာ
ဆိုင်အပြင်ထွက်ဖို့ လုပ်လိုက်သည်။
သို့သော် သူ့နောက်ကျောက မလုံသလို
ခံစားနေရတာကြောင့် အနောက်သို့
လှည့်ကြည့်လိုက်သည်။ ထိုအခါ သူ့ကို
Counter ကနေ မကျေမနပ်
စိုက်ကြည့်နေတဲ့ ဟန်ဆက်သာရဲ့
အကြည့်စူးစူးများနဲ့ စုံလိုက်တာကြောင့်
အညိုရောင် တံတွေးတောင်မြိုချမိသွားသည်။
သူလည်း ဘာမှမလုပ်ရပါဘဲနဲ့
အဲ့ကလေးက သူ့ကို ဘာလို့ စားတော့မတတ်
ဝါးတော့မတက် စိုက်ကြည့်နေရတာလဲ။

Don't Put Me In Unclezone(U+Z)Where stories live. Discover now