Epi-9

4.7K 367 46
                                    

Uni Code

တစ်မနက်လုံး ဆိုင်တွင် လူများကျနေ၍
ဟန်ဆက်သာ ဉီးငယ်အနားတောင်
ကပ်ခွင့်မရဘဲ အလုပ်လုပ်နေရသည်။

" ပင်ပန်းလိုက်တာကွာ... အခုမှပဲ
နားရတော့တယ် "

အလင်းရောင်က သူ့လက် တစ်ဖက်စီမှာ
ရေခွက်တစ်ခွက်စီကိုင်ရင်း စားပွဲ၀ိုင်းတွင်
၀င်ထိုင်ပြီးအနားယူနေသော ဟန်ဆက်သာဆီသို့
လျှောက်လာပြီး ရေတစ်ခွက်အား
ဟန်ဆက်သာဆီသို့ ကမ်းပေးကာ
ဆိုလာသည်။

" အေးကွာ... လူကလည်း
စောက်ရမ်းကိုကျတယ် ...
အရင်နေ့တွေကရော အဲ့တိုင်းပဲလား "

" အေး... အဲ့အတိုင်းပဲ "

အလင်းရောင် ဟန်ဆက်သာအား
ပြန်ဖြေလိုက်ပြီး မျက်လုံးများကိုတော့
counter မှာရှိနေတဲ့ အညို့ဆီကို
ပို့လွှတ်လိုက်သည်။ တစ်ကယ်ပါ
အညိုက သူရဲ့အမောပြေ.. သူ့ရဲ့အားဆေး...
သူရဲ့ Vitamins လေး ပေ ...။

တစ်ဖက်မှာလည်း ဟန်ဆက်သာက
အလင်းရောင်နည်းတူ ဉီးငယ်အား
ငေးနေလေသည်။ ဒီရက်ပိုင်း တစ်နေ့တစ်ခြား
ဉီးငယ်က ပိုပိုကြည့်ကောင်းလာတာမို့
ဖြစ်နိုင်ရင် ဉီးငယ်ကို..ဘယ်သူမှမမြင်အောင်
ရင်ခွင်ထဲသာ ပိုက်ထွေးထားလိုက်ချင်သည်။

" အချစ်... ငါတို့ကို
ဟို နှစ်ကောင်စိုက်ကြည့်နေသလိုပဲ "

အညိုရောင် က ခွက်တွေကကို
အ၀တ်ခြောက်နဲ့ သုတ်နေတဲ့
နေမင်းခန့် အနားသွားကာ
ခပ်တိုးတိုးဆိုလေသည်။

" မင်းစိတ်ထင်လို့နေမှာပါ...
သူတို့က ငါတို့ကို ကြည့်စရာ
ဘာအကြောင်းရှိလို့လဲ.... "

နေမင်းခန့်စကားက ဖြစ်နိုင်ချေရှိတာမို့
အညိုရောင် ဘာမှဆက်မပြောတော့ဘဲ
သူပဲအထင်းမှားနေတာလားဆိုပြီး
ဟိုနှစ်ကောင်ရှိနေတဲ့ဘက်ကို
ထပ်ပြီးလှည့်ကြည့်လိုက်သည်။
သို့သော် သူ့ကိုနူးနူးညံ့ညံ့ကြည့်နေတဲ့
အလင်းရောင်မျက်ဝန်းများနဲ့
စုံသွားတာကြောင့် ပြာပြာသလဲ
အကြည့်လွှဲလိုက်သည်။

နေပါဉီးငါက ဘာလို့အကြည့်လွှဲရမှာလဲ။
လွှဲချင်လွှဲ ဟိုကောင်က
လွှဲရမှာမဟုတ်ဘူးလား...။
ငါက ဒီက Boss လေ....။

Don't Put Me In Unclezone(U+Z)Where stories live. Discover now