Extra-3

1.4K 56 7
                                    

Uni

" ဦးငယ် ...ဦးငယ်... ဦးငယ်
ဦးငယ် ထဦးလို့...ဦးငယ် "

အိပ်နေရင်းနဲ့ ကယောင်ကတမ်း
အော်ဟစ်ကာ ယောင်နေသော
ဦးငယ်ကြောင့် ဟန်ဆက်သာမှာ
အိပ်နေရာကနေ လန့်နိုးလာရပြီး
ယောင်နေသော ဦးငယ်အား နှိုးနေရသည်။

ကြောက်မယ်ဖွယ် အိမ်မက်တစ်ခုခုကို
မြင်မက်နေပုံ ရတဲ့ ဦးငယ်က ချွေးအေးများ   
စိုရွှဲနေကာ ခန္ဓာကိုယ်ကပါ အနည်းငယ် 
တုန်ယင်နေတာကြောင့် ဟန်ဆက်သာ
စိတ်ပင် ပူပင်လာရသည်။

" ဟမ်.... ဟမ် "

"ဦးငယ်.... အိပ်ရင်းနဲ့
ယောင်နေလို့... "

" အာ.... ဟုတ်လား "

" ဟုတ်... ဒါနဲ့...ဘာအိပ်မက်တွေ
မက်နေလို့ အခုလိုယောင်တဲ့အထိ
ဖြစ်နေရတာလဲ "

ဟန်ဆက်သာ သူ့အားမေးနေရင်း
ဘေးက​ေရဘူးကို ဆွဲယူကာ
အဖုံးပါဖွင့်ပေးပြီး ကမ်းလာတာကြောင့်
နေမင်းခန့် ထထိုင်လိုက်သည်။

" အဟမ်း....ဘာမှထွေထွထူးထူး
မက်နေတာမျိုးလည်း မဟုတ်ပါဘူး "

ဟုတ်တယ်လေ....
သူက ဘယ်လိုပုံစုံမျိုးနဲ့
ဟန်ဆက်ရေ...ကိုယ်သရဲအိပ်မက်မက်ပြီး
​ယောင်နေတာပါလို့ ပြောရမလဲ။
အိပ်မက်ထဲမှာလည်း သေမလို
​ေကြာက်လန့်ပြီး အော်ဟစ်ခဲ့တာဆိုတော့
အပြင်မှာလည်း... အဲ့လိုလုပ်နေရင်
ဘယ်လိုလုပ်ကြမလဲ။ကိုယ့်ပေါင် ကိုယ်တော့
နေမင်းခန့် လှန်မထောင်းနိုင်ပေ။

" သေချာလို့လား.... "

မျက်ခုံးအစုံကို ပင့်တင့်ကာ
မယုံဘူးဆိုတဲ့ သဘောမျိုး
လုပ်နေတဲ့ ဟန်ဆက်သာကြောင့်
နေမင်းခန့် မျက်နှာကို တည်ပစ်လိုက်သည်။
ဒါက သူ့အမှားကို ၀န်မခံချင်သည့်အခါတိုင်း
နေမင်းခန့် လုပ်တတ်လာသည့် အခုနောက်ပိုင်း
သူ၏ အကျင့်ပင်။ပြီးတော့ အဲ့လိုလုပ်လိုက်သည့်
အခါတိုင်းလည်း အမြဲပင်
ဟန်ဆက်သာအပေါ် အလုပ်ဖြစ်လေသည်။

" ဘာလဲ.... မင်းက ကိုယ့်ကို
မယုံတာလား "

" မဟုတ်ရပါဘူး ဦးငယ်ရယ်
မဟုတ်ရပါဘူး ... "

"...... "

" တစ်ကယ်....လို့... "

" ...... "

Don't Put Me In Unclezone(U+Z)Where stories live. Discover now