Uni Code
နေ့ခင်းဘက်အချိန်ဖြစ်နေသည်မို့
The Leaf Cafe မှာ လူအနည်းငယ်
ရှင်းနေကာ လုပ်စရာမယ်မယ်ရာရာဟူ၍
ရှိမနေပေ။ ထို့ကြောင့် ဟန်ဆက်သာမှာ
အလင်းရောင်အား သူထိုင်နေတဲ့ Counter နားကို
လာရန် လှမ်းခေါ်လိုက်သည်။ ပုံမှန်ဆို
သူက ဗိုက်ခွဲထားတာကြောင့်
ဉီးငယ်နဲ့ တိုက်ခန်းမှာ ကျန်နေခဲ့ရမှာဖြစ်ပြီး
အခုတော့ ဉီးJack က နေမကောင်းတာကြောင့်
ဉီးငယ်က ဆိုင်သွားရသည်။ပြီးတော့
သူ့ရဲ့ဗိုက်ချုပ်ရိုးကလည်း အတော်အတန်
သက်သာနေပြီဖြစ်တာကြောင့်
ဉီးငယ်နဲ့အတူ ဆိုင်လိုက်လာခဲ့သည်။" ဆို... ဘာလဲ "
" ပြောစရာရှိလို့... "
"အေး ..... ပြော "
" ငါ ဉီးငယ်ကို ဘယ်လို
အဖြေတောင်းရမလဲ... "" အဖြေပေးဆိုပြီး....တောင်းလိုက် "
" ....... "
ကောင်းတယ်... သိပ်ကိုကောင်းတယ်။
သူ့မှာတော့အားကိုးရမလားဆိုပြီး
အိမ်မှာတောင်မနေဘဲ ဆိုင်ထိ
လိုက်လာပြီးအကူအညီတောင်းမိပါတယ်။
ပြောတဲ့ပုံကအဖြေပေးဆိုပြီး တောင်းလိုက်တဲ့။
စောက်ကျင့်မကောင်းတဲ့ အကောင် ။" စတာပါကွာ... မင်းကလည်း
မျက်နှာက အဲ့လောက်ကြီးဖြစ်ပျက်မနေပါနဲ့ "" မစနဲ့ အတည်ပြော..... "
" အဟမ်း...... ဒါဆိုလည်း
အချစ်ဆရာကြီးငါက အတည်ပြောပြမယ်....
သေချာနားထောင်.... "လည်ချောင်းရှင်းပြီး
မေးစေ့ကို လက်မနဲ့ လက်ညှိုးနဲ့ပွတ်ကာ
ဆရာကြီးပုံစံဖမ်းပြီးပြောနေတဲ့
သကောင့်သားအား
စောက်မြင် အတော်ကပ်နေပင်မဲ့
ဉီးငယ်ဆီက အဖြေလိုချင်တာမို့
အောင့်အီးသည်းခံလိုက်သည်။"ပြော.... "
" တစ်ကယ်တော့..... "
" အေး.... "
" ငါလည်းမသိဘူး "
" ငါ -ိုး ... "
မျက်နှာကြီးနီရဲကာ စိတ်တွေတိုနေတဲ့
ဟန်ဆက်သာက သူ့ကို ဆဲရုံနဲ့
အားမရဘဲ counter
ပေါ်မှာတင်ထားတဲ့ ဖန်ခွက်နဲ့ပါ
ကောက်ပေါက်ဖို့ လုပ်လာတာမို့
အလင်းရောင်မှာ ရှောင်းလင်သိုင်းကွက်
နင်းရတော့သည်။ နှစ်ခါလေးစမိပါတယ်
ဖန်ခွက်နဲ့တောင် ကောက်ပေါက်ခံရတော့မလို့။
စရတာ မတန်လိုက်တာ။
YOU ARE READING
Don't Put Me In Unclezone(U+Z)
Romansကိုယ့်ထပ် ၁၀နှစ်ကြီးတဲ့ အဒေါ်ရဲ့အချစ်ဦးဟောင်းကို မြင်မြင်းချင်း ချစ်မိသွားတဲ့ ၂၀ကျော် ကောင်လေး တစ်ယောက်ရဲ့ အချစ်ရေးပါ ဒီ fic မှာတော့ ကိုယ်တွေ ခွေးစာ ရှယ်စားရမှာပါ :X xxxxxxxxxx Zawgyi Code ကိုယ့်ထပ် ၁၀နှစ်ကြီးတဲ့ အဒေါ်ရဲ့အ...