Uni Code
" မင်းက gay လား "
စောစောကလေးတင်မှ ဦးငယ်က
မိတ်ဆက်ပေးသွားတဲ့ အလင်းရောင်ဆိုသူက
သူ့အား မေးခွန်းထုတ်လာပင်မဲ့
ဟန်ဆက်သာ ပြန်မဖြေသေးဘဲ
မြင်ကွင်းထဲမှ ဉီးငယ်ပျောက်သွားတဲ့အထိ
အရင်ကြည့်လိုက်သည်။ ပြီးမှ
အလင်းရောင်ဘက်လှည့်ကာ
မဲ့ပြုံးတစ်ခုပြုံးရင်း ပြန်ဖြေလိုက်သည်။" မင်းနဲ့ဆိုင်လား "
" မဆိုင်တာတော့ ဟုတ်ပါတယ်
ဒါပင်မဲ့ မင်းအကြည့်တွေက
ဉီးနေအပေါ် မရိုးသားလို့ မေးကြည့်တာပါ...
ပြီးတော့... ငါက ဒီဆိုင်က
ဒုတိယ boss ဖြစ်တဲ့ အညို့ကို ကြိုက်နေတာလေ
အဲ့တော့ အဖော်များ ရမလားလို့လာစပ်တာ..
ငါ့မေးခွန်းက မင်း personal ကိုထိသွားသလို
ဖြစ်သွားရင်.. sorry "ဟန်ဆက်သာ အလင်းရောင်ပြောလိုက်တဲ့
စကားတွေကို အဆုံးထိမကြားလိုက်ဘဲ
သူ့အာရုံက ' ငါ အညိုကို ကြိုက်နေတာ '
ဟူသော စကားဆီသာ ရောက်နေသည်။ဒီကောင်က အညို့ကိုကြိုက်နေတာဆိုတော့
ဒီကောင်က ဉီးညိုကြီးကို ကြိုက်နေတာပေါ့
ကြည့်စမ်း..ကံများကောင်းချင်တော့
တစ်လုံးတစ်ခဲကြီးကို ကောင်းတာ..
အဟဲ ဒီနေ့ကစပြီးသူ ဉီးငယ်ကို
ဒီကောင်နဲ့ရော ဉီးညိုကြီးနဲ့ပါ
သ၀န်တိုစရာမလိုတော့ဘူး...ဟန်ဆက်သာ ကိုယ့်အတွေးနဲ့ကိုယ်
သာသာယာယာဖြစ်သွားပြီး
အလင်းရောင်အပေါ်ကိုလည်း
စိတ်ရှင်းသွားရကာ
အလင်းရောင်နဲ့ ဘော်ဒါလုပ်ဖို့
ဆုံးဖြတ်လိုက်သည်။ ဒီကောင်နဲ့သူက
အခုချိန်မှာ တစ်လှေတည်း စီးပြီး
တစ်ခရီးတည်းအတူသွားမဲ့ သူတွေဆိုတော့
ဘော်ဒါလုပ်ထားတာက နစ်နာစရာမရှိဘဲ
ကောင်းတဲ့အရာတွေ ဖြစ်လာနိုင်သည်မလား ။
အဲ့တော့ အခုကစပြီး သူအလင်းရောင်နဲ့
သေချာပေါင်းရမည် ။" မင်းထင်သလိုပဲ အလင်းရောင်...
ငါက Gay... ဉီးငယ်ကိုကြိုက်နေတာ "" ထင်သားပဲ..... "
" ဆိုတော့... မင်းငါနဲ့ ဘော်ဒါ လုပ်မလား "
" ဒါပေါ့... ငါတို့ကတစ်လှေတည်း
အတူတူစီးနေတဲ့ သိုးငယ်ကို
အုပ်ချင်နေတဲ့ ဝံပုလွေတွေပဲဟာ "
YOU ARE READING
Don't Put Me In Unclezone(U+Z)
Romansကိုယ့်ထပ် ၁၀နှစ်ကြီးတဲ့ အဒေါ်ရဲ့အချစ်ဦးဟောင်းကို မြင်မြင်းချင်း ချစ်မိသွားတဲ့ ၂၀ကျော် ကောင်လေး တစ်ယောက်ရဲ့ အချစ်ရေးပါ ဒီ fic မှာတော့ ကိုယ်တွေ ခွေးစာ ရှယ်စားရမှာပါ :X xxxxxxxxxx Zawgyi Code ကိုယ့်ထပ် ၁၀နှစ်ကြီးတဲ့ အဒေါ်ရဲ့အ...