Final

8.2K 311 56
                                    

Uni Code

နေ့လယ်ခင်း အချိန်တွင်
The Leaf Cafe မှာထုံးစံအတိုင်း
လူအနည်းအငယ် ရှင်းလင်းနေကာ
၄၊၅၊၆ယောက်လောက်သာ
ဆိုင်အတွင်း၌ ရှိနေလေသည်။

ဟန်ဆက်သာမှာ ထိုအခွင့်အရေးအား
အပြည့်အ၀ အသုံးချ ကာ Counter မှာ
အေးအေးလူလူထိုင်နေတဲ့
နေမင်းခန့်အနားသို့ တရွေ့ရွေ့
ချီတက်သွားသည်။

" ဉီးငယ် ... "

" ဟမ်... "

" ကျွန်တော့်ကို ချစ်လား... "

နေမင်းခန့်မှာ ကြားလိုက်ရတဲ့
အနှီစကားကြောင့်
တည်ကြည်နေတဲ့ မျက်နှာထားမှနေ
ရှုံ့မဲ့နေတဲ့ မျက်နှာထားအဖြစ်
ပြောင်းလဲသွားသည်။

မနက်မိုးလင်းကတည်းက
သူ့အား ဟန်ဆက်သာမှာ
ထိုမေးခွန်းကိုပဲ အဖန်တစ်ရာတေအောင်
မေးနေခဲ့ပြီး သူကလည်း
အဖန်တစ်ရာတေအောင်
ပြန်ဖြေခဲ့ပြီးပြီဖြစ်သော်လည်း
အခုထိ ဟန်ဆက်သာမှာ
မကျေနပ်နိုင်သေးဘဲ
သူ့အား မေးနေဆဲ ဖြစ်သည်။

" စောစောကလေးတင်ပဲ
ဟန်ဆက် ကိုယ့်ကို အဲ့မေးခွန်း
မေးသေးတယ်လေကွာ... ဘာလို့
ထပ်မေးနေပြန်တာလဲ "

" ကြားချင်လို့... "

ဟန်ဆက်သာမှာ ရိုးသားတဲ့
ဖိုးသခွားအသွင်လေးယူကာ
နေမင်းခန့်အား ပြန်ဖြေလိုက်သည်။

" တစ်မနက်လုံး ကြားထားရတာ
မ၀သေးဘူးလား... "

" ၀ဖို့နေနေသာသာ.... ဖြစ်နိုင်ရင်
ကျွန်တော်က အချိန်တိုင်း
ဉီးငယ်ဆီက ချစ်တယ်ဆိုတဲ့
စကားသံ ကြားချင်တာ "

နေမင်းခန့် ဟန်ဆက် အဖြေကြောင့်
ကူကယ်ရာမဲ့စွာခေါင်းသာ တွင်တွင်
ခါရမ်းမိတော့သည်။

၂၀ကျော်ကောင်လေးတစ်ယောက်ကို
ချစ်မိနေမှတော့....သူ့ရဲ့
ကလေးဆန်တာတွေကိုလည်း
နားလည်ပေးရမည် မဟုတ်လား။

" ကိုဆက်... "

နူးနူးညံ့ညံ့ ခေါ်သံနဲ့အတူ
Counter ဘက်သို့
အပြုံးလေးနဲ့ ကြွကြွရွရွလေး
လျှောက်လှမ်းလာသော ဟိုတစ်နေ့က
ကောင်မလေးကို တွေ့လိုက်ရတာကြောင့်
နေမင်းခန့် မျက်နှာပျက်ကျသွားသည်။

Don't Put Me In Unclezone(U+Z)Where stories live. Discover now