Epi -14

5K 319 36
                                    

Uni Code

" ရွှတ်... ဟင့်..... ရွှတ် ...... "

နေမင်းခန့် ဟန်ဆက်သာအတွက်
စွတ်ပြုတ်လုပ်ပေးနေရင်း
ငိုသံကြားတာကြောင့်
မီးဖိုခန်းထဲကနေ ထွက်လာလိုက်သည်။
ထို့နောက် ဧည့်ခန်းထဲက ဆိုဖာပေါ်၌
သက်တောင့်သက်သာ ထိုင်ရင်း
Korea ကား ကြည့်ကာ
ငိုလိုက် တစ်သျှူးနဲ့သုတ်လိုက်
လုပ်နေသော ဟန်ဆက်သာကိုတွေ့လိုက်ရသည်။
အသက်ကဖြင့် ဖင့်စောင့်နေပြီ
အခုထိ TV ကြည့်ပြီး
ကလေးလိုလို ခွေးလိုလိုနဲ့
ငိုနေတုန်း။

ဟန်ဆက်သာ နေမင်းခန့်တိုက်ခန်းမှာ
လာနေတာအခုဆို ၁ပတ်တောင်ကျော်နေပြီ။
လွှာက ဟန်ဆက်သာ ဆေးရုံဆင်းပြီးမကြာဘူး..
ဧည့်သည်ရလာတာကြောင့်
ဟန်ဆက်သာကို နေမင်းခန့်လက်ထဲ
ထိုးအပ်သွားကာ ခရီးထွက်သွားလေသည်။

အရင်ကလို သာဆိုရင်
ဟန်ဆက်သာ ဒီမှာလာနေတာက
သူ့အတွက် ဘာမှမဖြစ်ပင်မဲ့...
အခုအခြေအနေက အရင်လိုနဲ့မတူတာကြောင့်
စိတ်ပင်ပန်းသည်။ ဒီကြားထဲ ညဆို
ဟန်ဆက်သာက သူ့ရင်ခွင်ထဲအတင်းခေါင်းတိုးကာ
ဖက်အိပ်တာလည်းခံရသည်။
သူ့က မကြိုက်လို့ အတင်းဖယ်ပြန်ရင်လည်း
ပြိုတော့မယ့်မိုးလို မျက်ရည်တွေအိုင်နေသော မျက်ဝန်းများနှင့် ကြည့်လာပြီး
** ဉီးငယ်က ကျွန်တော့်ကို
လျစ်လျူရှု့ပြန်ပြီလား ** ဆိုတဲ့စကားနဲ့
ကိုင်ပေါက်တတ်တာကြောင့်
သူ့မှာ အမြဲရင်နာနာနဲ့ လုပ်ပြုံးကြီးပြုံးပြီး
** မဟုတ်ပါဘူး **ဆိုကာလက်ခံရသည်။
တစ်ကယ်ကို အဲ့စောက်ကလေးလေးက
သူ့ကို အမြဲအသားယူဖို့ ချောင်းနေတဲ့
သိုးငယ်ယောင်ဆောင်ထားတဲ့
ဝံပုလွေလို ကောင်ပင် ။

ဟန်ဆက်သာ TV ကြည့်နေရင်း
တစ်ယောက်ယောက်က
စိုက်ကြည့်နေသလို ခံစားရတာကြောင့်
အနောက်ကို လှည့်ကြည့်လိုက်ရာ
သူ့အား မျက်တောင်မခတ်ဘဲကြည့်နေသော
ဉီးငယ်ကို တွေ့လိုက်ရသည်။
အမ်... ဉီးငယ်က ဘာလို့
ငါ့ကို မကျေနပ်တဲ့ပုံနဲ့ စိုက်ကြည့်နေရတာလဲ။
ငါလေးလဲ ဘာမှမလုပ်မိပါဘူးနော်။

ဟန်ဆက်သာ ခေါင်းပေါ်မှာ
question mark ပေါင်း
သောင်းခြောက်ထောင်နဲ့ ပြည့်နှက်နေကာ
ဉီးငယ်ကို နားမလည်တဲ့ မျက်ဝန်းတွေနဲ့
ကြည့်ရင်းမေးလိုက်သည်။

Don't Put Me In Unclezone(U+Z)Where stories live. Discover now