Unicode.......
ဒီနေ့ရဲ့ညနေခင်းလေးကအရင်ကနေ့များထပ်သာယာလို့နေသည်။
ဆေးရုံး၀န်းထဲရှိလူများ၏အကြည့်သည်အတူတူလမ်းလျှောက်နေသောကောင်လေးနှစ်ယောက်ထံသို့ပင်။
တစ်ရွေ့ရွေ့လမ်းလျှောက်ရင်းခုန်တန်းတစ်ခုနားသို့ရောက်လာကြသည်။
အချိန်သည်ကာ၅နာရီပင်ရှိသေးသော်ငြားမိုးရွာကိန်းရှိတာမို့မှောင်ရီပြိုလာသည်။"မိုးရွာတော့မယ်နဲ့တူတယ်နော် .....
"အင်း.....
စကားဆိုလာတဲ့ကောင်လေးစီကရင်နှီးမှု အချို့ကိုသူခံစားလိုက်ရသည်။
အားကိုးတကြီးဆိုလာသူကြောင့်သသူငြိမ်ပြီးနားထောင်နေမိသည်။"အကိုလေးကိုလေကျနော်ကျေးဇူးတင်တယ်....
ဘာရယ်ေကြာင့်မသိကျေးဇူးတင်လာသူကိုငေးကြည့်မိသည်။သူ့ကိုကြောက်နေသည်ဟန်မရှိတော့ဘဲအေးဆေးတည်ငြိမ်စွာပြောလာသူ။
"ဘာလို့....
"ကျနော့်ကိုဒေါ်လေးကပြောတယ်အကိုလေးကဒေါ်လေးကိုအလုပ်သမားလိုတစ်ခါမှမဆက်ဆံဖူးတဲ့....
"အင်းအဲ့တော့....
"ကျနော့်ကိုရောကောင်းကောင်းနေထိုင်နိုင်အောင်လုပ်ပေးတဲ့အတွက်ရောကျေးဇူးတင်ပါတယ်..
"အဲ့ကျေးဇူးကိုရောပြန်ဆပ်မို့အစီစဉ်ရှိလား....
ရှောင်းကျန့်နားမလည်ဟန်ဖြင့်ရိပေါ်ဘက်ကိုခေါင်းလှည့်ကြည့်လိုက်သည်။အကြည့်ချင်စုံခိုက်နှလုံးသားနှစ်စုံကရင်ဘတ်ထဲ၌ေပြးလွှာနေသည်ကိုပိုင်ရှင်များပင်သိလိမ့်မည်။
နေရခတ်စွာမျက်နှာလွဲရင်းခုဏကအဖြေကိုပေးမည်ပြင်ချိန်မှာပင်"အော်မင်းတို့ကဒီရောက်နေတာကို....
"အကိုလီ...
ရှောင်းကျနိ့ကမသိသေးသူမို့မျက်လုံးကလဲကလဲနဲ့ရိပေါ်ဘေးတွင်ရပ်နေလိုက်သည်။
အလိုက်သိတဲ့ရိပေါ်ကဘဲစတင်မိတ်ဆက်ပေးသည်။"ကျန့်ကျန့်.....ဒါကအကိုလီကို့ရဲ့အကိုဝမ်းကွဲ....
ရှောင်းကျန့်သည်ရိပေါ်မိတ်ဆက်တာကိုဘဲသတိမရတော့သူ့ကိုခေါ်လိုက်တဲ့အခေါ်အဝေါ်ကြောင့်သူ့ရင်တွေထိန်းချုပ်မရအောင်ခုန်လာသည်။
ကြောက်ရွံစိတ်တွေလဲဝင်လာသည်ဒီလိုနူးညံ့နေပုံနဲ့ဆိုသူမခွဲခွာချင်တော့ဘဲဖြစ်နေလိမ့်မည်ကိုသူစိုးရိမ်မိသည်။
အရင်ကလိုခတ်ထန်သောအကြည့်မျိုးတွေနဲ့နေသားကျနေပြီးရှေ့ဆက်မို့စိတ်မကူးခဲ့ဘဲအနားမှာနေခွင့်ရနေသည်ကိုပင်ကျေနပ်နေမိသည်။
အခုတော့သူ့ရဲ့စိတ်ကအတ္တဆန်မယ်လို့ဘဲပြောပြာသူရှေ့ဆက်ချင်မိတာအမှန်ပင်။
YOU ARE READING
You are mine (မင်းကငါ့အပိုင်🔞) Completed
Fanfictionဒီဝတ္ထုလေးကစိတ်ကူးယဉ်ပြီးပုံဖော်ထားတာပါမည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်လိုခြင်းမရှိပါဘူး... စိတ်ကူးယဉ်မို့အပြင်နဲ့ကွဲလွဲနေတာမျိုးတွေရှိပါတယ်..