Part 39

2.2K 116 10
                                    

Unicode......

စားသောက်ဆိုင်အတွင်းသီချင်းသံအေးအေးနဲ့ငြိမ့်ညောင်းလို့နေသည်။
သို့သော်ကောင်လေးတစ်ယောက်ရဲ့ရင်ထဲမှာတော့မီးတောင့်တစ်ခုလိုလောင်မြိုက်နေဆဲ
ကြောက်စိတ်တွေအားနာစိတ်တေ‌ွနဲ့လူကပါတုန်ရီလာသည်။
ပေါင်းပေါ်ယှက်တင်ထားတော့လက်အစုံကိုစုပ်ကိုင်လာသောလူတစ်ယောက်
ထိုလူသည်ကဖုံ့ဟွှာဖြစ်သည်။
သူကိုင်လိုက်သောလက်တွေဟာကြောက်ရွံ့မှုကိုပြနေသည့်အလားအေးစက်နေသည်။
သူ့ရဲ့ထိတွေ့မှုကြောင့်မျက်လုံးဝိုင်းဝိုင်းလေးကလဲမော့ကြည့်လာသည်။

လက်ကိုတင်းတထပ်တင်းအောင်ကိုင်ထားပြီးခေါင်းညိတ်ပြလိုက်သည်။
လီရန်သည်လေပူတစ်ချက်မှုတ်ထုတ်ကာစကားစလိုက်တော့သည်။
ထိုအချင်းအရာကိုတစ်စုံတစ်ယောက်ကလဲမြင်သွားခဲ့လေသည်။
ထိုသူကတော့ဟောင်ရွမ်းက််ိုယ်တိုင်ဖြစ်သည်။

"အကိုရိပေါ်၊ရှောင်းကျန့်..ကျနော်တောင်းပန်ပါတယ်
ကျနော်လုပ်ခဲ့တဲ့အမှားတွေအတွက်သေသေချာချာလေးဝန်ချတောင်းပန်ချင်လို့အကိုဖုံ့ဟွှာကဒီကိုချိန်းလိုက်တာပါ..

"အဟက်....နောင်တဆိုတာနောင်မှရတာ..မင်းလုပ်ပြီးသွားပြီးလေးအဲ့တော့အဲ့နောင်တတွေနဲ့နေပေါ့ဘာလို့လာတောင်းပန်နေတာလဲ..
မင်းလုပ်ခဲ့တဲ့အမှားကတစ်ပါးသူရဲ့....တောက်စ်...

ရိပေါ်ရဲ့တောက်စ်ခေါက်သံကြောင့်ရှောင်းကျန်ရောလီရန်ပါလန့်သွားကြသည်။

ဖုံ့ဟွှာသူစုပ်ကိုင်ထားတဲ့လက်လေးကအစကထပ်တုန်ရီလာသည်။
မျက်နှာကိုအကဲခတ်ကြည့်တော့မျက်လုံးအိမ်မှာရစ်သိုင်းစပြုနေတဲ့မျက်ရည်ကြည်တွေကိုတွေ့လိုက်ရသည်။

"ရိပေါ်..မင်းစိတ်ကိုနဲနဲလျှော့လို့မရဘူးလား..
ဒီကိုလာတောင်းပန်မို့ငါဘဲတိုက်တွန်းခဲ့တာနဲနဲလောက်ဖြစ်ဖြစ်သူ့ကိုခွင့်လွှတ်ပေးလိုက်ပါ....
မင်းလဲအရမ်းကြီးအထိနာတာမှမဟုတာ....

"ဟားဟား.......သူထိခဲ့တာငါ့ကိုမဟုဘူး..ငါ့အသက်ထပ်ချစ်ရတဲ့သူကိုသူထိခဲ့တာ....

ရိပေါ်ပြောတာလဲမှနိသင့်သလောက်မှနိခဲ့သည်။
အမှန်ဆိုဒီကောင်လေးကိုသူခွင့်လွှတ်ပေးချင်သည်။
သို့သော်ဘယ်သူ့ကိုမှအစားထိုးလို့မရတဲ့လူနေရာကိုအယောင်ဆောင်ဝင်ရောက်လာတဲ့အချက်နဲ့တင်သူစိတ်ပျက်မိသည်။
ချစ်ရသူနေရာကိုဝင်ရောက်ကစားသွားပြီးလူကိုနောက်ကွယ်မှာလှောင်ကောင်းလှောင်နိုင်တယ်သို့ပေမဲ့သူခံနိုင်ရည်ရှိသေးသည်။
ဂုဏ်သိက္ခာထိပါးလောက်တဲ့ထိလုပ်ခဲ့တဲ့အပြစ်ကိုတော့သူအမှန်တကယ်ခွင့်လွှတ်မပေးခြင်းဘူး......

You are mine (မင်းကငါ့အပိုင်🔞)  CompletedWhere stories live. Discover now