Part 44

2K 103 11
                                    

Unicode........

ကိုမြတ်နိုးရတဲ့သူရဲ့ရင်ခွင်ထဲက‌နေနိုးထလာတဲ့မနက်ခင်းလေးကအရင်နေ့တွေထပ်အဆပေါင်းများစွာသာယာကြည်နူးမို့ကောင်းလွန်သည်။
ကျနော်မျက်လုံးကိုအားယူကဖွင့်လိုက်တော့တောင့်တင်းလှတဲ့ရင်အုပ်ကျယ်ကျယ်ကိုမြင်ခဲ့ရသည်။
ကိုကိုတစ်ညလုံးကျနော့်ကိုပွေ့ဖက်ထားတယ်ထင်ပါရဲ့တင်းကျပ်နေတာများကျနော်လက်တောင်လှုပ်လို့မရနဲ့အထိဘဲ
ရှေ့ကကိုကို့ရဲ့ရင်အုပ်ကျယ်ကျယ်ကိုကျနော်စိတ်မထိန်းနိုင်စွာတို့ထိမိလိုက်သည်။
ပြီးတော့အိပ်မောကျနေတဲ့ကိုကိုရဲ့မျက်နှာလေးကိုအသာအယာပွတ်သပ်နေမိသည်။
ကျနော်မသိလိုက်ခင်မှာဘဲကျနော့်ရင်တွင်းစကားတွေကိုထုတ်ဖော်ပြောနေမိသည်။

ဒီဇင်ယော်တောင်လိုကော့ညွှန့်တဲ့မျက်ခုံးတန်းတွေကကျနော့်အပိုင်
နှာတံစင်းစင်းလေးကလဲကျနော်ပိုင်တယ်..
နူးညံ့တဲ့နှုတ်ခမ်းသားလေးကလဲကျနော်ပိုင်တယ်...
မို့မောက်နေတဲ့ပါးဖောင်းဖောင်းလေးလဲကျနော်ပိုင်တယ်..

ကျနော်အရမ်းကံကောင်းတယ်မလားဟင်ကျ‌နော့်ဘဝမှာကိုကို့ကိုပိုင်ဆိုင်ခွင့်ရခဲ့တာဟာ..
ဒီကမ္ဘာပေါ်မှာကံအကောင်းဆုံးလူသားဖြစ်သွားပြီးပေါ့နော်

"အင်း...

"ဟင်ကိုကို.....နိုး...နိုး‌ေနတာလား

"ကိုကမင်းလေးအပိုင်..
မင်းလေးကံကောင်းသလို..မင်းလေးကိုပိုင်ဆိုခွင့်ရခဲ့တဲ့ကိုကလဲကံကောင်းခဲ့တယ်.....
ကို့ရဲ့နှုတ်ခမ်းကိုမင်းလေးပိုင်သလို...ဟောဒီကနီရဲနေတဲ့နှုတ်ခမ်းဖူးဖူးလေးကကိုကို့အပိုင်ဘဲ....

ပြွတ်စ်.....

မနက်ခင်းအနမ်းလေးတစ်ပွင့်နူးညံ့လွန်းတဲ့အနမ်းတွေစကားတွေ‌ကြောင့်ရှောင်းကျန့်မျက်ရည်ဝဲမိသည်။

"ဟင်.... babyဘာလို့ငိုနေတာလဲ
.
ကိုနမ်းလို့စိတ်ဆိုးသွားတာလား...

မျကိရည်လေးဝဲမိတာကိုအဖြစ်သဲပြနေတဲ့လူကြီးကြောင့်ချော့တဲ့ကလေးပိုငိုတယ်ဆိုသလိုကျနော်ဝမ်းနည်းဝမ်းသာမှုတွေရောယှက်ကာငိုချမိတော့သည်။

"အဟင့်....ငတုံးကြီး...ဘယ်တူကြောလဲ...သူများကနမ်းလို့စိတ်ဆိုး
‌တယ်လို့..ဟင့်....

You are mine (မင်းကငါ့အပိုင်🔞)  CompletedWhere stories live. Discover now