Part 28

3K 195 16
                                    

Unicode.....

ရိပေါ်ရဲ့ထိုးချက်ကြောင့်ဟောင်ရွမ်းရဲ့နှုတ်ခမ်းထောင့်နားမှာသွေးစို့သွားခဲ့သည်။
သူနှစ်ရှည်လများဖုံးကွယ်ခဲ့သောအရာသည်နောက်ဆုံးနော့ရိပေါ်ရဲ့နားသို့ရောက်သွားခဲ့လေသည်။
နှုတ်ခမ်းထောင့်ကသွေးစအချို့ကိုလက်မနဲ့ဖိသုတ်ရင်းဆိုလာသည်ကာ...

"ငါခုလို့လုပ်ခဲ့တာမင်းပျော်ရွှင်မို့အတွက်ဘဲရိပေါ်...

"ဟက်ဘာမကြောင်းအရာကိုငါသိလာလဲဆိုတာ...
မင်းမမေးတော့ဘူးလားဟောင်ရွမ်း...

"မေးစရာမလိုဘူရိပေါ်....ငါ့စီမှာမင်းကိုဖုံးကွယ်ထားတာဆိုလို့ဒီတစ်ခုဘဲရှိတယ်....
အဲ့ဒါကဟွှာရှောင်းကရှောင်းကျန့်ဖြစ်တယ်ဆိုတာဘဲ....

"တောက်စ်....ငါနားတောင်ငါမယုံနိုင်တော့ဘူးကွာ....

တစ်ခါတစ်လေလောကကြီးမှာကိုယ်မသိနိုင်တဲ့လျို့ဝှက်ချက်ပေါင်းများစွာရှိနေနိုင်သည်။
ရိပေါ်သည်လဲအယုံကြည်ရဆံုးသူရဲ့လျို့ဝှက်ခြင်းကိုခံခဲ့ရလေသည်။
"ရှောင်းကျန့်နေမကောင်းဖြစ်‌‌ေနတယ်ဖုံ့ဟွှာအိမ်မှာ"လို့ဟောင်ရွမ်းပြောသောနေ့ကသူလိုက်သွားမို့ပြင်ဆင်ခဲ့သည်။
သို့သော်သူအိမ်ကမထွက်ခင်လေးမှာဘဲဘောင်ဘီအိပ်ကပ်ထဲကဖုန်းလေးထမြည်ခဲ့သည်။

"အကိုလီပြော......

"ရိပေါ်ငါအခုပြောတာကိုသေချာနားထောင်ပါ....

3secမျှငြိမ်သွားပြီးနောက်အကိုလီစကားကိုရှေ့ဆက်ခဲ့သည်။

"ရှောင်းကျနိ့ကဟွှာရှောင်းလေးဘဲ...

"ဘာ....အကိုလာနောက်နေတာလား..
ဒါကဟာသတစ်ခုဆိုမရယ်ရဘူးနော်အကို....

"အေမင်းအဲ့လိုပြောမှာငါကြိုတွက်ထားပြီးသား...
မနက်ဖြန်တွေ့မဲ့ဆိုင်လိပ်စာငါ mail ပို့လိုက်မယ်မနက်ဖြန်စုံမယ်..
ဪ မင်းဘေးမှာရှိနေတဲ့ဟွှာရှောင်းမပါလာ‌‌ေစနဲ့...

တူး..တူး..

တစ်ဖက်ကဖုန်းချသွားသည့်တိုင်ရိပေါ်သူ့နားကိုသူမယုံနိုင်ဖြစ်ခဲ့ရသည်။
ဘာတွေလဲလောကကြီးကသူ့ကိုမျက်လှည့်တွေပြနေတာလားလို့တောင်ရူးကြောင်ကြောင်တွေးနေမိသည်။
ရုတ်တရတ်အသက်ရှုလမ်းကြောင်းပိတ်လာသလိုရင်ထဲမှာစို့နစ်လာသည်။
နီးကပ်စွာနေနေတဲ့တစ်လျှောက်လုံးသူမမှတ်မိခဲ့ရလေသလားဟုအပြစ်တင်မိသည်။
နောက်နေ့မနက်ရိပေါ်ဒေါသထွက်ကာရှောင်းကျန့်ကိုနှင်လွှတ်ခဲ့သည်။
အကြောင်းအရင်းရေရေရာရာမစဉ်းစားဘဲလူ့တစ်ဖက်သားကိုအပြစ်ဆိုတာသူရဲ့ပုံစံမဟုသောငြားသူ့ရဲ့ချစ်ရသူလေးဘေးကင်းဖို့ရာလူမုန်းခံသင့်ရင်လဲသူခံမည်။
ထင်တဲ့အတိုင်းရိပေါ်ရှောင်းကျန့်အပေါ်အလိမ်အညာဒေါသတွေနဲ့နှင်လွှတ်ခဲ့ခြင်းဖြစ်သည်။
ရှောင်းကျနိ့ထွက်သွားပြီးနောက်မနှစ်မြို့ဖွယ်အမူအရာတွေနဲ့ချွဲနေသော‌ဟွှာရှောင်းကိုလှပသောစကားလုံးများဖြင့်ငြင်းဆို၍အကိုလီနဲ့တွေ့ဖို့ရန်ထွက်လာခဲ့သည်။
သူသံသယဝင်မိသည်‌ရှောင်းကျန့်ကိုတွေ့လိုက်သောဟွှာရှောင်းသည်စိုးရိမ်ထိန့်လန့်နေခဲ့သည်
ထိုအရာကိုသူသတိထားမိလိုက်သည်။

You are mine (မင်းကငါ့အပိုင်🔞)  CompletedWhere stories live. Discover now