Unicode......
"မင်္ဂလာပါ boss...
"အင်း.....
အတွင်းရေးမှူးမလေးရဲ့နှုတ်ဆက်လာမှုကိုခပ်ပျက်ပျက်နှု
တ်ဆက်လိုက်သောရိပေါ်.
ထိုကောင်မလေးသည်ကုမ္ပဏီတွင်အလုပ်လာလုပ်သည်မှမေကြာသေးပေ
ရိပေါ်ရဲ့အရင်အတွင်းရေးမှူးမလေးခွင့်ယူသွားသောကြောင့်ထိုကောင်မလေးကိုအစမ်းခန့်ထားခြင်းဖြစ်သည်။
လုပ်ငန်းပိုင်းမှာအရည်အချင်းအပြည့်ရှိသော်လဲအလှအပကိုဗန်းပြပြီးအကြီးအကဲတွေကိုကပ်လေ့ရှိသည်။"ကဲကို့ baby လေး ကိုအလုပ်လုပ်လိုက်အုံးမယ်ပျင်းရင်ပြောနော်.....
"ဟု....
ကို့နှုတ်ကမှဲ့နက်ပိုင်ရှင်လေးကိုနာမ်စားအမျိုးမျိုးနဲ့ခေါ်နေမိသည်။
ကိုခေါ်လိုက်တိုင်းရှက်၍နားရွက်ဖျားလေးတွေနီမြန်းသွားသည်မှာအလွန်လှလွန်းသည်။
ကိုရဲ့ခလေးလေးမင်းကအရမ်းလှတယ်ကွာ.....ကျနော်လဲအကိုလေးပြောတဲ့အတိုင်း sofaပေါ်ငြိမ်ငြိမ်လေးထိုင်နေတော့သည်။
အကိုလေးအလုပ်လုပ်တာထိုင်စောင့်ရင်းအလုပ်အတွက်လိုအပ်တာလေးတွေရှာကြည့်နေလိုက်သည်။
သူ့အလုပ်နဲ့သူကို့အာရုံနဲ့ကိုဆိုတော့အချိန်ကိုမကြည့်အားသတိရလို့ကြည့်လိုက်မှ11 ပင်ထိုးတော့မည်။
ခဏအကြာတော့ကျနော်လဲပျင်းပျင်းနဲ့အကိုလေးနားသွားမိသည်။
သွားမိတဲ့ကျနော့်ခြေထောက်ကိုဘဲအပြစ်တင်ရမလားကျေးဇူးတင်ရမလားမသိတော့လောက်အောင်ရင်တွေခုန်လို့နေသည်။
ရုတ်တရတ်ဆိုသလိုအကိုလေးကသူ့ပေါင်ပေါ်သို့ဆွဲချကာထိုင်စေပြီးခါးကိုတင်းကျပ်စွာဖက်လိုက်လို့ဖြစ်သည်။
ဘယ်လောက်ဘဲထိတွေ့နေပါစေအကိုလေးလက်နဲ့ကျနော့်အသားကိုထိလိုက်တိုင်းကျနော်ရင်ခုန်မြဲဖြစ်သည်။ရွှတ်.........
ပါးပြင်ပေါ်ကျရောက်လာသောအနမ်းတစ်ပွင့်
နမ်းလာသူ၏မျက်ဝန်းထဲတွင်ကြင်နာယုယမှုများပြည့်နှပ်နေခဲ့သည်။"ပျင်းနေပြီးလား ....
"ဟုနဲနဲပါအကိုလေး......
ကျနော်ပြောတဲ့စကားထဲမှာဘာများအမှားပါသွားလို့လဲမသိ မျက်မှောင်ကြီးကြုတ်ပြလာသည်။
အခုအနေအထားကဖြင့်ကျနော်ကအကိုလေးပေါင်ပေါ်ထိုင်နေတာမို့အကိုလေးရဲ့မျက်နှာကကျနော်ရင်ဘက်နဲ့တည့်တည့်ဖြစ်နေသည်။
ခေါင်းလေးကကျနော်ရင်ခွင်ထဲတိုးဝင်လာပြီးချွဲပစ်ကာဆိုတော့သည်။
YOU ARE READING
You are mine (မင်းကငါ့အပိုင်🔞) Completed
Fanfictionဒီဝတ္ထုလေးကစိတ်ကူးယဉ်ပြီးပုံဖော်ထားတာပါမည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်လိုခြင်းမရှိပါဘူး... စိတ်ကူးယဉ်မို့အပြင်နဲ့ကွဲလွဲနေတာမျိုးတွေရှိပါတယ်..