Part 34

2.6K 174 18
                                    

Unicode.....

ကုမ္ပဏီhallခန်းတစ်ခုလုံးရိပေါ်ရဲ့ထိုးချက်ကြောင့်အထိတ်တလန့်နဲ့ဆူပူသွားကြသည်။
ရိပေါ်နောက်ထပ်လက်သီးတစ်ချက်ထိုးမို့ပြင်နေချိန်မှာဘဲဖုံ့ဟွှာအချိန်မှီတားလိုက်သည်။

"ရိပေါ်....တော်တော့.....

ရိပေါ်ဖုံ့ဟွှာကိုတွန်းလိုက်ပြီးပုံပျက်သွားတဲ့သူ့အင်္ကျီကိုပြင်ကာသက်ပြင်းတစ်ချက်ချပြီးဟွှာရှောင်းကိုကြည့်လိုက်သည်။

"ငါမင်းကိုပြောခဲ့တယ်....မင်းမှားခဲ့တာတွေကိုခွင့်လွှတ်တာမို့နောက်ထပ်အမှားတွေမလုပ်မိအောင်ငါသတိပေးခဲ့တယ်
မင်းကခေါင်းမာယုံမကဘူးနားပါကောက်သေးတာဘဲအခုမင်းရဲ့လုပ်ရက်ကိုငါကခွင့်လွှတ်ရမယ်ဟုလားမင်းကဟာသတွေသိပ်ပြောတာဘဲနော်.....

"ကလေးမှားသွားပါတယ်တမင်ရည်ရွယ်ပြီးလုပ်တာမဟုပါဘူးကလေးစိတ်က ...စိတ်က.....
ကလေးတောင်းပန်းပါတယ်ကိုကိုကလေးကိုတစ်ခါလောက်တော့အခွင့်ရေးပေးပါအုံးနော်ကလေးအမှားတွေကကိုကို့ကိုချစ်လွန်းလို့မှားခဲ့တာပါ..တစ်ခေါက်လောက်ဘဲခွင့်လွှတ်ပေးပါနော်....နော််

သူ့ရှေ့မှာမျက်လုံးပေါက်ထွက်မတက်ငိုယိုပြီးတောင်းပန်နေသောကောင်လေးကိုရိပေါ်မသနားနိုင်တော့ကို့ကိုအရှက်ခွဲရုံမကအသက်တမျှချစ်ရသူလေးကိုအများအမြင်မှာပိုင်လုံးကောင်အဖြစ်သတင်းလွှင့်သည်မှာရင်ကွဲမတက်နားကျင်ရသည်။
လက်ကလေးနှစ်ဖက်ကိုအကြိမ်ကြိမ်ပွတ်တိုက်ပြီးအဆက်မပျက်တောင်းပန်စကားဆိုနေသူကိုမျက်လုံးချင်းဆုံအောင်ကြည့်ကာ....

"ငါမင်းကိုအခွင့်အရေးပေးခဲ့ပြီးပြီး..ငါကတော့မင်းကြည်ကြည်ဖြူဖြူလက်ခံခဲ့လို့ဝမ်းသာခဲ့တယ်......
အခုတော့မင်းကသိုးရေကိုခြုံထားတဲ့ဝံပုလွေတစ်‌ေကာင်ဆိုတာသိလိုက်ရတယ်မင်းကိုမရွေးချယ်ခဲ့တဲ့ငါ့ကိုငါ‌‌ေတာင်ချီးကျုးမိတယ်.....
နောက်ဆုံးတစ်ခုငါပြောလိုက်မယ်အခုချိန်ကစပြီးငါရှေ့ထပ်မပေါ်လာမိ‌စေနဲ့......

ရီပေါ်ရဲ့စကားအဆုံးဟွှာရှောင်းတစ်ယောက်မျက်လုံးအိမ်ကအရည်ကြည်များတားမရအောင်ပြိုကျလာတော့သည်။ချစ်ရသူကမမြင်ချင်လောက်အောင်မုန်းတာခံရခြင်းသည်အသားကိုဓားနဲ့လှီးတာထပ်အစပေါင်းများစွာနာကျင်ရသည် ။
ကိုနှစ်သက်သူရဲ့အမုန်းစကားများပြောဆိုချင်ကိုဟွှာရှောင်းဆိုတဲ့ကောင်ငယ်လေးကလူပုံအလယ်မှာ ခါးသီးစွာခံလိုက်ရတော့သည်။
ရိပေါ်တို့အဖြစ်ကိုစောင့်ကြည့်နေကြတဲ့ hallခန်းထဲကလူများကလဲအသရေဖျက်ခံရတဲ့ကောင်လေးကိုဘဲသနားရမလားအချစ်ကြောင့်မှားခဲ့တဲ့အပြစ်ကိုငိုယိုတောင်းပန်နေသောကောင်လေးကိုဘဲသနားရမလားစသဖြစ်ခေါင်းတွေရှုပ်နေကြသည်။
ခဏအကြာတော့ရိပေါ်ရဲ့အသံကဟိန်းခနဲထွက်လာသည်။

You are mine (မင်းကငါ့အပိုင်🔞)  CompletedWhere stories live. Discover now