Unicode......
"ကိုတို့လက်ထပ်ရအောင်......ကျန့်ကျန့်....
ရှင်းလင်းပြတ်သားလှတဲ့စကားသံတစ်ခု
ရှောင်းကျန့်ရဲ့နားထဲသို့ဘာအတားအဆီးမှမရှိဘဲဝင်ရောက်လာတဲ့ထိုစကားဟာသူ့ကိုယ်တွင်းမှာရှိတဲ့သွေးများကိုပြောင်းပြန်စီးသွားစေသည်။
ပတ်ဝန်ကျင်တစ်ခုလုံးကလဲနေဝင်လားနေထွက်သည်လားသူမသိတော့ပေဧည့်ခန်းတစ်ခုလုံးကတိတ်ဆိတ်သွားပြီးထိုစကားသံတစ်ခုသာသူ့နားထဲပဲ့တင်ထပ်နေသည်။သူနားကြားများမှားသည်လားခုသူ့ရှေ့ကလူသားကသူ့ကိုလက်ထပ်မို့ပြောလာတယ်လေ..
ဘယ်သောအခါမှမမျှော်လင့်ထားတဲ့စကားတစ်ခွန်းအဆုံးထိပြောရရင်ဒီလိုစကားမျိုးကြားရမို့တစ်ခါမှတွေးတောင်မတွေးဖူးဘူး..
အကိုလေးကသူ့ဘဝကိုပျော်ရွှင်ခြင်းတွေသယ်ဆောင်လာပေးသလိုဝမ်းနည်းခြင်းတွေကိုလဲသယ်ဆောင်ပေးခဲ့သူ
ဝမ်းနည်းရရင်တောင်အချိန်အတိုတွေပြန်လဲသက်သာလာခဲ့ရတယ်...
ခုသူသိပ်ချစ်ရတဲ့သူကလက်ထပ်မယ်ဟုဆိုလာတော့သူပြောစရာစကားပင်မရှိတော့ပေ"ကျန့်ကျန့်........ကိုစည်းကျော်မိသွားပြီးလား......
သူ့ရဲ့အမေးကိုမဖြေဘဲတွေတွေကြီးရပ်နေသောကောင်လေးကိုသူမျက်လုံးချင်းဆုံအောင်ကြည့်နေမိသည်။
ခဏအကြာတော့ရှေ့ကအကောင်ပေါက်လေးကမိမိရဲ့ရင်ဘက်ကိုထရိုက်တော့သည်။"အဟင့်....မကောင်းတဲ့လူကြီး....
ခင်မျာကမကောင်းတဲ့လူကြီး....
သူများကိုမောင်းထုတ်တာသူမဟုသလိုဘဲ...ဟင့်...အရူးကြီး.
ဘယ်သူကစည်းကျော်တယ်ပြောလို့လဲ...
ခင်မျာကိုချစ်ရတာဘယ်လောက်ပင်ပန်းတယ်မှတ်လဲ...ဟင့်....""ကို့ရဲ့ကလေးလေး...မငိုပါနဲ့တော့....
လူကိုတစ်ဘုန်းဘုန်းထုရိုက်ပြီးငိုနေသောချစ်ရသူရဲ့ကိုယ်လေးကိုသူ့ရင်ခွင်ထဲတစ်ဖန်ပြန်ဆွဲသွင်းမိသည်။
ရောက်ကတည်းကထိုသေးသွယ်လှတယ်ခန္တာကိုယ်လေးကိုဘယ်နှစ်ခါလောက်ဆွဲသွင်းပြီးဖက်ထားမိသလဲသူမသိတော့ပေ။"ဟင့်...အကိုလေးသိလား..ကျနော်လေးဒီစကားကိုကြားရမို့မပြောနဲ့အကိုလေးနားမှာအမြဲနေရမို့တောင်ကျနော်မကြိုးစားခဲ့ဘူး...
ကျနော်ကအကိုလေးလိုလူနဲ့ဘယ်ကြောင့်များသင့်တော်နိုင်မှာလဲ....
မထိုက်တန်....."
YOU ARE READING
You are mine (မင်းကငါ့အပိုင်🔞) Completed
Fanfictionဒီဝတ္ထုလေးကစိတ်ကူးယဉ်ပြီးပုံဖော်ထားတာပါမည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်လိုခြင်းမရှိပါဘူး... စိတ်ကူးယဉ်မို့အပြင်နဲ့ကွဲလွဲနေတာမျိုးတွေရှိပါတယ်..