Part 31

2.7K 163 14
                                    

Unicode.....

ရိပေါ်သူ့အဖေအိမ်ကပြန်လာပြီးကုမ္ပဏီကိုတန်းသွားခဲ့သည်။
ကားပါကင်မှာကားထိုး‌ပြီးဒေါသတွေနဲ့ဆင်းလာခဲ့သည်။
သူ့ရဲ့‌‌ေဒါသတွေကအပြစ်မဲ့တဲ့ကားဘီးပေါ်ကျရောက်ခဲ့သည်။

"ကိုကို....!

သူစိတ်ရှုပ်နေချိန်မှာဘဲခေါ်သံတစ်ခုကြောင့်သက်ပြင်းချကာလှည့်ကြည့်ခဲ့သည်။

"Aww babyဘယ်ကပြန်လာတာလဲ.....

"ဟို...အပြင်ခဏသွားတာပါပျင်းတာနဲ့ကိုကိုစီလာခဲ့တာ..

ရှောင်းကျနိ့စီကပြန်လာတာကိုကိုကိုမသိမို့အရေးကြီးသည်။
ကိုကိုကရှောင်းကျနိ့ဆိုတဲ့အကောင်ပေါ်ကိုစိတ်ကုန်သေးတာမဟုမှန်းသူသိသည်။

ကျွီး....

သူတို့နှစ်ယောက်စကားပြောနေတဲ့နားကိုကားတစ်စီးထိုးရပ်လာသည်။
ထိုကားသည်ဟောင်ရွမ်းရဲ့ကားပင်.
ဟောင်ရွမ်းကိုမြင်တော့ဟွှာရှောင်းကကြောက်တဲ့ပုံစံလုပ်ကာရိပေါ်အနောက်ကိုကပ်သွားသည်။

"ရိပေါ်ငါပြောစရာရှိတယ်....

"ကိုကိုကလေးတို့အပြင်သွားလယ်ကြရအောင်...

ဟောင်ရွမ်းကစကားပြောရန်ခေါ်သောကြောင့်မကျေနပ်ကာအပြင်သွားရန်ခေါ်လိုက်သည်။
ရိပေါ်ကဟောက်ရွမ်းကို"မင်းသွားနှင့်"ဆိုတဲ့အကြည့်နဲ့မေးငေါ့ပြလိုက်သည်။
ကြာရင်သူတို့နှစ်ယောက်လဲနှုတ်ကစကားမပြောဘဲမျက်လုံးအကြည့်နဲ့ဘဲနေသားကြသွားတော့မည်ထင်ပါရဲ့....

"Babyကိုခုမအားသေးဘူး.....

"ဟက်မအားပြန်ဘူးလား...
ကိုကိုဘယ်တော့များမှအားမလဲနော်..
ကိုကိုကလေးကိုစိတ်ကုန်နေပြီးမဟုလား
ရှောင်းကျနိ့ဆိုတဲ့ကောင်ကိုစိတ်မကုန်သေးဘူးမဟုလား....

ရိပေါ်နှုတ်ဆိတ်နေခဲ့သည်။
ဟွှာရှောင်းသည်အမှန်တကယ်ကိုဒေါသထွက်နေခြင်းပင်။
ဒီချိန်မှာဟွှာရှောင်းကိုသာအားလုံးပြောကာပေါက်ကွဲလိုက်လျှင်ရှောင်းကျနိ့အတွက်အန္တရယ်မကင်းနိုင်အနှေးနဲ့အမြန်သူ၏ဖခင်သိသွားနိုင်သည်။
ဟွှာရှောင်းသည်သူ့ဖခင်ရဲ့အရုပ်ကလေးဖြစ်နေမည်ဟုသူသံသယရှိနေလို့ပင်ဖြစ်သည်။

You are mine (မင်းကငါ့အပိုင်🔞)  CompletedWhere stories live. Discover now