Part 42

2K 113 18
                                    

Unicode.....

ကလေးထွက်သွားပြီးတော့ရိပေါ်ဝရံတာထွက်ကာကလေးအလာကိုထိုင်စောင့်နေလိုက်သည်။
ဆေးလိပ်လေးဖွာရင်းစောင့်နေခဲ့တာ၂လိပ်ကုန်ရောပေါ့သို့ပေမဲ့ချစ်ရသူရဲ့အရိပ်အယောင်ကိုခုထိမတွေ့ရသေးပေ
ဝန်းရံတာကိုလက်ထောက်ပြီးဆေးလိပ်ငွေကိုကောင်းကင်ပေါ်သို့မှုတ်ထုတ်လိုက်သည်။
ကောင်းကင်တစ်ခွင်လုံးလဲမှောင်စပြုလာနေပြီး
တစ်နေကုန်အလင်းပေးသောနေမင်းကြီးသည်လဲပျောက်ကွယ်သွားတော့မည်။
ကလေးမရှိရင်သူ့ဘဝလဲအမှောင်အတိကျသွားလိမ့်မည်။

"ကိုကိုဆေးလိပ်သောက်တာကျန်းမာရေးအတွက်ထိခိုက်တယ်........

" baby..?
ဘယ်ကနေဘယ်လို..

မျက်စိဒေါက်ထောင့်ကြည့်နေရင်းနဲ့ဘယ်ကဘယ်လိုအနောက်ရောက်လာလဲမသိတဲ့ကလေး..
သွားတုံးကစိတ်ဆိုးမာန်ဆိုမျက်လုံးလေးတွေကခုချိန်မှာတော့နီးမြန်းကမို့မို့လေးဖြစ်‌နေသည်။
ထိုမြင်ကွင်းကရိပေါ်အတွက်နာကျင်ရာမြင်ကွင်းတစ်ခု....

"ဘာဖြစ်လာတာလဲ..ငိုလာတာလား..

"..........

"Baby...ကိုမေးနေတယ်လေး....

".........

ဆက်တိုက်မေးနေသောလဲချစ်ရသူထံမှစကားထွက်မလား.
ရိပေါ်ပို၍စိုးရိမ်လာသည်။

" baby.နှုတ်ခမ်းကိုမကိုက်ထားနဲ့..
ကို့ကိုစိတ်ဆိုး‌နေတာလာ..ကို့ကိုရိုက်..
အဲ့လိုကြီးမကိုက်နဲ့ကွာသွေးတွေထွက်လိမ့်မယ်....

ဝမ်းနည်းရင်နှုတ်ခမ်းကိုက်တဲ့အကျင့်ကဘယ်တော့များမှပြင်မှာလဲကလေးရယ်.

"ဘာလို့ကျနော့်အပေါ်အဲ့လောက်ထိချစ်နေရတာလဲ..
ကျနော်နာကျင်ရမဲ့အရာတစ်ခုကိုဖုံးကွယ်ထားတဲ့ထိ..ရွှတ်.
အဲ့အမှန်တရားကိုသိလို့ကျန်ောကကိုကို့ကိုထားသွားမယ်ထင်နေတာလား..."

ခြေမကိုင်မိလက်မကိုင်မိဂယောက်ဂယက်ဖြစ်နေတယ်ရိပေါ်ရဲ့လက်တွေဟာလေထဲမှာဘဲရပ်တန့်သွားတော့သည်။
မျက်ရည်‌ေတွမကျပါနဲ့ကလေးမျက်ရည်တွေကကို့အသဲအတွင်းထဲထိဆူးအောင့်ပြီးနာလို့ပါ..

"Baby ဘယ်လိုသိ..?

"ကိုကိုသိလားကျနော်အဲ့လောက်ထိအတ္တမကြီးဘူး..ကျနော့်ရဲ့မားနဲ့ပါးကိုသတ်တဲ့သားမို့လို့ချစ်လျှက်နဲ့နှလုံးကိုအစိမ်းလိုက်ခွဲရမဲ့လုပ်ရက်မျိုးကျနော်မလုပ်ဘူး..
လူဘဲသေမဲ့နေ့ရောက်ရ
င်သကြားမင်းဆင်းတားတာတောင်ရမှာမှမဟုတာ...
ဒါပေမဲ့ကိုကိုဖေဖေကိုကျနော်သိပ်မုန်းတယ်..
နောက်ကျောကိုဓားနဲ့ထိုးတဲ့ကိုကိုရဲ့ဖေဖေကိုကျနော်သေလောက်အောင်မုန်းတယ်လို့..!

You are mine (မင်းကငါ့အပိုင်🔞)  CompletedWhere stories live. Discover now