နက်ခ်တိုင်ကို ဖြေလျော့ထားပြီး
လက်ရှည်ကိုခေါက်
တင်ကာ ဒေါသထွက်နေသည့်
လူတစ်ယောက် ။စာရွက်တွေကို
ပစ်ပေါက်လိုက်ပုံက
ဘယ်လောက်
ထိ စိတ်တိုနေလဲသိနိုင်သည် ။ထိုင်ခုံမှာ ပြန်ထိုင်ပြီး
စိတ်လျော့ကာ လက်က
ဖုန်းနံပတ်တစ်ခုကိုခေါ်လိုက်
သည် ။"ဟိုဆော့ ..ငါ့ကို အတွင်းရေးမှူးတစ်ယောက်
အမြန်ရှာပေး ""..."
"အေး အခုခန့်ထားတယ့် တစ်ယောက်က
အသုံးမကျလို့ အခုပဲ စိတ်တိုနေရတာ ၊ မနက်ဖန်
အမြန်လိုချင်တယ် ""..."
"အေး ဒါပဲ "
စိတ်ကလည်းတိုလွယ်သလို ၊
ဘယ်အရာကိုမှ စိတ်မ
ရှည်တတ်သည့်သူ...
အလုပ်လုပ်ရမှာ တိကျပြီး
တော်လွန်းလို့ မိန်းကလေးရှင်တိုင်း
လိုချင်ကြသည့်
သူ...ထိုသူသည်ကား
JK company၏ CEO
ဂျွန်ဂျောင်ကုပင်ဖြစ်သည် ။အသက်က ၃၂ဆိုပေမယ့်
လူငယ်တွေထက် ပို ကြည့်
ကောင်းကာ ချောသည် ။
သို့ပေမယ့် ဇီဇာကလည်း
ကြောင်သလို စိတ်ကလည်း
မရှည် ...ခုလည်း
အတွင်းရေးမှူးက
အသုံးမကျ၍ စိတ်တိုနေရ
သည် ။အလုပ်ကျတော့
သေချာမလုပ်ပဲ အချိန်တန်
တော့လစာ ကျလိုချင်ကြတယ် ..။ဒါမျိုးကိုဂျောင်ကု
လက်မခံနိုင်ပါ ။
အလုပ်ကြိုးစားရင်ကြိုးစားသလို
ဘောနပ်စ်လည်းပေးရက်သားနဲ့
ခိုင်းသည့် အလုပ်
လေးတောင် သေချာမလုပ်ဘူး ။"ဂျွန်..!"
တံခါးဖွင့်ပြီး
ဝင်လာသော သူမ
ကြောင့် ဂျောင်ကု
လည်း ဆိုဖာတွင်ပြောင်း
ထိုင်လိုက်သည် ။"ခုနက အော်နေတာကြားတယ် ၊
အတွင်းရေးမှူး
လေးကို အလုပ်ထုတ်လိုက်ပြန်ပြီဆို ""အင်း..အချိုးမပြေလို့
အလုပ်ကျ သေချာမလုပ်ပဲ
လစာကျလိုချင်နေတယ်လေ "သူမအရှေ့တွင်
စူပုတ်ပုတ်ဖြင့်ပြောနေသော
ဂျွန့်ကိုကြည့်ပြီး အသည်းယားကာ
ရယ်မိလိုက်တော့ဘာလို့ ရယ်တာလဲ
ဆိုသည့်သဘောဖြင့် မျက်ခုံးပင့်
ပြသည် ။
ESTÁS LEYENDO
Age Is Just A Number√
Fanficဦး ကလေးကို ပြောခဲ့တဲ့ အပြစ်တင်စကားတွေကို ဦးတစ်ဘဝလုံးနဲ့ဆပ်ခွင့်ပြုပါ //Completed//