စားပွဲပေါ်မှာပြန့်ကြဲနေသည့်
ဓာတ်ပုံများကိုကြည့်ပြီးပြုံး
နေသည့်ထယ်ဆူ။ထိုပုံတွေကအကို့ကျောပြင်ကို
သာရိုက်ထားတာမို့မသိတဲ့သူ
သာဆိုနမ်းနေသည့်ပုံပေါ်စေ
သည်။ဒီလိုပုံထွက်လာဖို့ကိုသူငယ်ချင်း
ကိုအကူအညီတောင်းပြီးရိုက်ခိုင်း
ခဲ့ရတာ။မျက်နှာကဒဏ်ရာတွေကလည်း
တမင်တကာလုပ်ပြီးအကိုသနား
အောင်လုပ်ယူခဲ့ရတာ။တန်ပါတယ်..အကိုကစိတ်ပူပြီး
ဆေးလိမ်းပေးခဲ့သည်လေ။ပြန်ခံနီးတောင်သေချာဂရုစိုက်
ဖို့မှာခဲ့တာမို့ထယ်ဆူပျော်မိသည်။"ထယ်ဆူ..မျက်နှာကဒဏ်ရာတွေ
ကဘာဖြစ်တာလဲ..?!!"အခန်းထဲဝင်လာသည့်ဒယ်ဆူက
မေးလာသည်မို့ထယ်ဆူလည်း
ဆေးလိပ်မီးသတ်လိုက်ရင်း.."အကိုဂရုစိုက်အောင်ထိုးခဲ့တာ"
"မင်းကွာ..!အသားအနာခံပြီးများ
လုပ်ရတယ်လို့""မင်းဘာသိလို့လဲ..?!အခုအကိုက
ချစ်သူရှိနေပြီ..!!""ဘာ..!!ဘယ်သူလဲ"
"ဂျွန်ဂျောင်ကု..!"
ထယ်ဆူ့စကားကြောင့်တုန်လှုပ်သွား
သည့်ဒယ်ဆူ။အက်တာကြောင့်အရင်ကတည်းက
ကုမ္ပဏီမှာသို့လောသို့လောသတင်း
တွေထွက်နေခဲ့သည်ကို။တစ်ကုမ္ပဏီတည်းနေပြီးမရိပ်မိ
သည့်ကိုယ်ကိုယ့်ကိုဒေါသထွက်
လာရသည်။"ဒါနဲ့ဒီဓာတ်ပုံတွေက..?!"
စားပွဲပေါ်ကဓာတ်ပုံတွေကိုဒယ်ဆူ
လက်ညိုးထိုးကာမေးတော့ပြုံးကာ
လက်ထဲဆေးလိပ်ထည့်ပေးလာ
သည့်ထယ်ဆူ။"အက်ဓာတ်ပုံကချစ်သူနှစ်ယောက်
ကိုပြတ်စေတယ့်လက်နက်လေးလေ""မင်းဘာလုပ်မလို့..?!"
ထယ်ဆူလည်းမတ်တပ်ထ၍ပြတင်း
ပေါက်နားရပ်လိုက်ပြီးဆေးလိပ်ဖွာ
လိုက်သည်။"အင်း..ပါဆယ်လေးပို့ရုံပါဘဲ"
ဒယ်ဆူလည်းသက်ပျင်းသာချလိုက်
သည်။
YOU ARE READING
Age Is Just A Number√
Fanfictionဦး ကလေးကို ပြောခဲ့တဲ့ အပြစ်တင်စကားတွေကို ဦးတစ်ဘဝလုံးနဲ့ဆပ်ခွင့်ပြုပါ //Completed//