ကြော်ညာ ၄ခုလောက်ရိုက်ပြီးသည့်
အချိန်တွင် ထယ်ယောင်းသည်
ပိုပြီးနာမည်ကြီးလာသလို ၊
Fan site တွေလည်းများပြား
လာသည် ။တီဗီမှာပါ
ထုတ်လွှင့်ခံရသည့်ထယ်ယောင်း
ကြော်ညာတွေကြောင့်ဒါရိုက်တာတွေ
အကုန် လိုချင်သော မင်းသားဖြစ်လာ
ခဲ့သည် ။ဇာတ်ကားကိုတော့ အခုထိ လက်မခံရ
သေးတာမို့ ကြော်ညာကိုသာ ရိုက်ကူး
ဖြစ်သည် ။" ဘာထည့်ဖို့ကျန်သေးလဲ ..?! အာ ခေါင်းမူးပျောက်
ဆေး ထည့်ရမယ် "မနက်ဖန် ဦးလေးကြီးတို့
ကြော်ညာကို ပြင်သစ်မှာ
ရိုက်ကူးရမည်ဖြစ်၍ မနက်
လေယာဉ်နှင့် ပြင်သစ်ကို
သွားရမည်မို့ ထယ်ယောင်း
ခရီးဆောင်အိတ်ထဲပစ္စည်း
တွေမမေ့ကျန်ခဲ့အောင်
ထည့်နေရသည် ။" သားလေး .. ဟိုရောက်ရင် ကျန်းမာရေးဂရု
စိုက်ဦးနော် ၊ နိုင်ငံရပ်ခြားကို သားကအခုမှသွား
ဖူးတာမှတ်လား အစားအသောက်လည်းသေချာ
စားဦး ၊ ဒါနဲ့ဘယ်နှရက်ကြာမှာလဲသား ..? "ပစ္စည်းတွေထည့်နေတုန်း
မေမေကဝင်လာပြီး သတိ
ပေးသည်မို့ ထယ်ယောင်းလည်း
လုပ်လက်စခနချကာ .." သားဂရုစိုက်ပါ့မယ် မေမေလည်းဂရုစိုက်ဦး
သားက တစ်ပတ်လောက်ကြာမယ်ထင်တယ်
ဟိုဆော့ဟျောင်းန်ကိုလည်း မှာထားခဲ့တယ်
မေမေ့ကို ကြည့်ပေးဖို့ ၊ သားမရှိတုန်း အစစအရာ
ရာ ဂရုစိုက်နော် မေမေ "" ဟုတ်ပါပြီ ရှင် "
မေမေက ထယ်ယောင်းနဖူးကို
နမ်းကာ အခန်းအပြင်သို့ပြန်
ထွက်သွားလေသည် ။* Ringing *
ဖုန်းမြည်သံကြားလို့
ကြည့်ကြည့်တော့
ခေါ်ဆိုသူက 'ဦးလေးကြီး'" ဟယ်လို ဦးလေးကြီး ပြော "
📞 ပစ္စည်းတွေမေ့နေမယ်နော် သေချာထည့်
ငါက မင်းမန်နေဂျာမှတ်လား စိတ်ပူလို့" အာ .. ထည့်နေပါတယ် ဦးလေးကြီးရဲ့ "
📞 ပြီးရော .. မနက်ဖန် ငါကားလွှတ်လိုက်မယ်
ဒါရိုက်တာအဖွဲ့အတွက် ငါရှိမှဖြစ်မှာမို့ မင်း
ဘာသာ လာလို့အဆင်ပြေတယ်မှတ်လား
YOU ARE READING
Age Is Just A Number√
Fanfictionဦး ကလေးကို ပြောခဲ့တဲ့ အပြစ်တင်စကားတွေကို ဦးတစ်ဘဝလုံးနဲ့ဆပ်ခွင့်ပြုပါ //Completed//