အခုဆိုထယ်ယောင်း
အမဆူယာဆီမှာ
အလုပ်လုပ်တာ
တစ်လပြည့်ခဲ့ပြီ ။အစကတော့
အချိန်ဇယားမှားကြည့်မိတာ
တို့ ၊ အဆင်မပြေခဲ့တာတွေ
အများကြီးဖြစ်ခဲ့ပေမယ့်
အခုတော့ အဆင်ပြေလာ
ခဲ့ပြီဖြစ်သည် ။အမဆူယာကလည်း
မငြိုငြင်ဘဲ
သင်ပြပေးတာကြောင့်လည်း
ထယ်ယောင်း
မှာ အားနာသလို
သဘောလည်းကျမိသည် ။အားနာတာက
ထယ်ယောင်းလို
ဘာမှမသိတဲ့ကောင်လေးကို
မငြိုငြင်ဘဲ ပြောပြပေးတာဖြစ်ပြီး
သဘောကျတာက
တော့ ထယ်ယောင်းက
fan boyပဲဟာ ကိုယ့်idol
နဲ့ နီးနီးကပ်ကပ်နေရတာမို့
သဘောမကျဘဲနေမလား..?"ထယ်ယောင်းရေ .. အမ ဒီနေ့ ရူတင်က ဒီမှာ ညနက်မှာ
မို့ အမကိုယ်စားတစ်ခုလောက်လုပ်ပေးပါလားဟင် "ထယ်ယောင်းလည်း
အမဆူယာအတွက်
လိုအပ်တာတွေ
ကြည့်နေတုန်း
အမဆူယာစကားကြောင့်
လုပ်လက်စတွေ
ခနချထားပြီး ..."ရတယ်လေ အမ ကျတော်ဘာလုပ်ပေးရမလဲ"
"နောက်တစ်ပတ်ထဲမှာ ဂျွန်တို့ကုမ္ပဏီနဲ့ ကြော်ညာရိုက်
စရာရှိတာ အက်တာအချိန်ဇယားလေးရယ် ဂျွန်တို့
လိုချင်တယ့်ပုံစံရယ် အက်တာ သွားမေးပြီး ယူပေးပါ
လားဟင် "ထယ်ယောင်းမှာ
တွေးဆဆလေး
ဖြစ်သွားရသည် ..
ချစ်သူတွေဖြစ်နေပြီး
အချိန်ဇယားလေးတောင်
ချိန်းပြီးမပေးနိုင်ကြဘူးလား ..?ဟိုလူ့ဂွစာစီ မသွားချင်ပါဘူး
ဆိုမှ ။"ထယ်ယောင်း စဉ်းစားနေတာ အမသိပါတယ် ..
အမနဲ့ ဂျွန်နဲ့က ချစ်သူတွေဆိုပေမယ့် တွေ့ချိန်ကနည်းတယ်
ဒိတ်ဆိုပြီး မရှိသလောက်ဘဲ အက်တာကြောင့်ပါ ""အာ..ဟုတ် အက်တာဆိုကျတ်ောဘယ်အချိန်
လောက် သွားယူပေးရမလဲ ""ခနနေ ရူတင်break တဲ့အချိန် သွားယူပေး
ပြီးရင် ထယ်ယောင်း အလုပ်ဆင်းလိုက်တော့နော်
အမ လက်ထောက်လေးရှိတယ် ၊ ထယ်ယောင်းလည်း
ပင်ပန်းနေပြီလေ စောစောပြန်နားလိုက် ""ဟုတ် အမဆူယာ "
ထယ်ယောင်းလည်း
အမကို ပြောပြီးတာနဲ့
လက်ထောက်
ကောင်မလေးအား
လုပ်စရာတွေ သေချာမှာနေမိသည် ။
YOU ARE READING
Age Is Just A Number√
Fanfictionဦး ကလေးကို ပြောခဲ့တဲ့ အပြစ်တင်စကားတွေကို ဦးတစ်ဘဝလုံးနဲ့ဆပ်ခွင့်ပြုပါ //Completed//