Ep-20

8.5K 701 79
                                    

နက်ပြောင်လှသည့်တန်ဖိုးကြီးကား
တစ်စီးဟာလုံးချင်းအိမ်တစ်လုံးရှေ့
တွင်ရပ်တန့်သွားခဲ့သည်။

ကားတံခါးဟာပွင့်ပြီးမြေကြီးပေါ်
တွင်ရူးဖိနပ်တစ်ရံဟာနေရာယူခဲ့သည်။

ခရမ်းရောင်ဆေးသုတ်ထားသည့်
အိမ်ကိုကြည့်ရင်းထိုလူဟာကြည်
နူးကာပြုံးလေသည်။

"ဒီအိမ်သေချာရဲ့လား??"

"သေချာပါတယ် သူဌေး"

တပည့်တစ်ယောက်ကိုမေးလိုက်ပြီး
နောက်ဘဲလ်ရှိရာသို့လျှောက်လှမ်း
ကာဘဲလ်ကိုတီးနှိပ်လိုက်သည်။

ဘဲလ်သံထွက်ပေါ်သည့်နောက်တွင်
ရင်တစ်စုံဟာလှုပ်ခါခဲ့သည်။

နှစ်ပေါင်းများစွာကြာပြီးမှလူပျို
လေးတစ်ယောက်လိုရင်ခုန်နေ
သည်လား။

အကြာကြီးပစ်ထားပြီးမှမတွေ့ရဲ
သည်လား။

အားနာသည့်စိတ်နှင့်အတူတွေ့ချင်
စိတ်ကတစ်လုံးတစ်ရင်းထွက်ပေါ်
လာခဲ့သည်မို့တံခါးဖွင့်တာစောင့်
ရတာတစ်သက်လောက်ကြာသလို
ခံစားရစေသည်။

"ဘယ်သူနဲ့တွေ့ချင်လို့လဲ"

တံခါးနောက်ကပေါ်လာသူက
တွေ့ချင်တဲ့သူမဟုတ်သည်မို့
စိတ်ပျက်မိပေမယ့်ချစ်ရသူ
ရဲ့ညမမို့ချစ်ရသူဘယ်မှာရှိ
လဲဆိုတာသိနိုင်ကောင်းပါရဲ့။

"ဆာရန်း?? ဟာရန်းနဲ့တွေ့
ချင်လို့လာခဲ့တာ၊သူရှိလား"

"ဂျွန်ယောင်းမို??!"

.
.
.

အခန်းတွင်းရှိလေထုဟာတိတ်ဆိတ်ပြီး
ကော်ဖီခွက်မှအ‌ငွေ့တွေနဲ့အတူထိုင်နေ
ကြသောလူနှစ်ယောက်ရင်ထဲကအပူ
ကလည်းကြီးထွားလျက်ရှိသည်။

"ကျမလည်း ရှင့်ကိုဆက်သွယ်ဖို့ကြိုး
စားခဲ့ပါသေးတယ် ဒါမယ့်အမရဲ့
နောက်ဆုံးဆန္ဒအရရှင့်ကိုအဆုံးအထိ
မသိစေချင်ခဲ့ဘူး"

ဟာရန်းကအဝေးတစ်နေရာကို
ငေးကြည့်ကာပြောလာသည့်
စကားနောက်ယောင်းမို၏
ကမ္ဘာပြိုကွဲခဲ့သည်။

ချစ်ရသူကိုစွန့်လွှတ်လိုက်ရ
ပေမယ့်ချစ်ရသူနဲ့ကိုယ့်သွေး
သား‌လေးကြောင့်အားတင်း
နေနိုင်ခဲ့တာ။

Age Is Just A Number√Where stories live. Discover now