Jeon Gp
၏ perfume
ကြော်ငြာပြီးသည့်အချိန်ကစပြီး
ထယ်ယောင်းဟာ နာမည်တစ်ခု
ရလာခဲ့သည် ။အက်ဒီ့
အညိုစင်လေးက ဘယ်သူလဲ ၊
အက်ကောင်လေးက မော်
ဒယ်အသစ်လား ၊
အက်ကောင်လေးကိုတကယ်
ကြွေသွားပြီ ၊ နှာတံထိပ်လေးမှာပါ
မှဲ့လေးနဲ့ ၊ အိုမို ကြွေရုပ်လေးကျ
နေရောဘဲ ဆိုပြီး pg က
Vd အောက်တွင် မှတ်ချက်များ
လာမန့်ကြသည် ။နောက်ပြီး ကြော်ညာ
ရိုက်ကူးသည့်
ဒါရိုက်တာကလည်း
ထယ်ယောင်းကို သဘောကျသည်
ဟုဆိုကာ နောက်ကြော်ညာ
၂ခုကိုပါ ကမ်းလှမ်းထား
လေသည် ။" ထယ်ယောင်းလေးက အခုဆို အောင်မြင်နေပြီနော် "
ဒီနေ့ ပိတ်ရက်မို့
အမဆူယာကလည်း
အလုပ်မရှိဟုဆို
သောကြောင့်
အိမ်မှာ နေနေတုန်း
ဟိုဆော့ဟျောင်းန်ရောက်
လာသဖြင့် စကားပြောနေ
ကြခြင်းဖြစ်သည် ။" ဘယ်ကသာ ဟိုဆော့ဟျောင်းန်ရယ် .. အခုမှ နာမည်လေး
မဆိုသလောက် ကြီးလာတာဘာ "" ဒါမယ့်လည်း ဟျောင်းန်တွေ့ရသလောက်ကတော့
ထယ်ယောင်းဆိုပြီး အခုပေါ်ပြူလာဖြစ်နေတာနော် "ထယ်ယောင်းလည်း
ကော်ဖီဖျော်ရန်သာ
မီးဖိုထဲထွက်လာ
လိုက်တော့သည် ။မဟုတ်လျှင်
ဟိုဆော့ဟျောင်းန် မြှောက်
ပြောနေတာနဲ့ လူက
ခေါင်မိုးပေါ်ရောက်
တော့မည်လေ ။" ရော့ .. ဟျောင်းန် ကော်ဖီလေးသောက်ဦး "
" ဒါနဲ့ .. အခုတစ်လော ဟျောင်းန်တို့ စီးအီးအိုတောင် စိတ်မတို
တော့ဘူး ၊ ဒေါသလည်း အရင်ကလောက် မကြီးတော့ဘူး "" ဟုတ်လား .. ကောင်းတာပေါ့ မဟုတ်ရင် အက်လူ့ဂွစာက
ဘာတွေ အလိုမကျဖြစ်နေမှန်းကိုမသိဘူး ၊ သူ့လောက်
အသန့် ကြိုက်တာလည်း သူပဲရှိမယ် "" ဟား ထယ်ယောင်းက သူ့ကို တော်တော်ကြည့်မရနေတာ
ပဲ ၊ တကယ်တော့ စီးအီးအိုက သိပ်သနားဖို့ကောင်းတယ်
သူ့အမေက တရားဝင်မယားမဟုတ်တော့ သူတို့ အိမ်မှာ
အတူတူနေလို့မရဘူးလေ ၊ သူဌေးကြီးက သူ့သားဖြစ်
တဲ့ စီးအီးအို ကိုချစ်ပေမယ့် သူ့မိန်းမကိုတော့ ခေါ်မထား
ဘူး "
YOU ARE READING
Age Is Just A Number√
Fanfictionဦး ကလေးကို ပြောခဲ့တဲ့ အပြစ်တင်စကားတွေကို ဦးတစ်ဘဝလုံးနဲ့ဆပ်ခွင့်ပြုပါ //Completed//