ညကလည်း
တော်ရုံနဲ့အိပ်မရသောကြောင့်
မနက်ကျ အစောကြီးထသည့်အခါ
အိပ်ချင်မူးတူးဖြစ်နေသည် ။ဒီနေ့ မနက်၉
နာရီဦးလေးကြီးဆီသွားရမှာမို့
မသွားခင် မေမေ့အတွက် ထမင်း
ဟင်းချက်ပြုတ်ရသည် ။ထို့ကြောင့် အစောကြီးထရတော့
အိပ်ချင်မူးတူးဖြစ်ကာ ဆားနဲ့
သကြားမှားထည့်မိမလိုအထိ
ဖြစ်သွားရသည် ။ညက Jeon Gp ၏
ကုန်ပစ္စည်းတွေကို
လေ့လာနေတာမို့
ညနက်ကာ တော်ရုံနဲ့
အိပ်မရခဲ့ပေ ။ထယ်ယောင်းက
အခုဆို brand ambassador
ဖြစ်ပြီမို့ ကိုယ်လုပ်ရမယ့်
ကုမ္ပဏီအကြောင်းကို
ကိုယ်သိသင့်သည်လေ ။ပေါ့ပေါ့တန်တန်လည်း
မလုပ်ချင်ပါ ..
နဂိုကတည်း
ကမှ ဟိုဦးလေးကြီးနဲ့
သိပ်တည့်တာမဟုတ်
ဘူးလေ ။" သားလေးရယ် .. အမေ့ဘာသာ ချက်ပါ့မယ် သားအဝတ်
တွေ ဟင်းနံ့စွဲကုန်မယ်လေ "မီးဖိုထဲသို့ အမေကဝင်လာပြီး
ပြောတော့ ထယ်ယောင်းလည်း
တည်လက်စ ဟင်းအိုးလေးကို
ချလိုက်ရင်း ..." စွဲပါစေပေါ့ .. မေမေက အခုမှ သက်သာကာစပဲရှိသေးတယ်
ဘာမှ မလုပ်ရပါဘူး ၊ သားပဲ အကုန်လုပ်မှာဟုတ်ပြီလား "" လိမ်မာလိုက်တယ့်သားလေး .. ငါ့သားလေးက ပရိသတ်
တွေ အများကြီးရဦးမှာဘဲ ၊ အမေတော့ သဝန်တိုရတော့မှာ "" အမေ့အတွက် ချွေးမလေးလည်းရှာပေးမယ်လေ .. ဟီး "
အမေနှင့်အတူ မနက်စာစားပြီး
အမေ့အတွက်ဆေးလေး
တွေ သေချာစီပေးခဲ့ရင်း
ပြီးကာမှ ဦးလေးကြီးဆီသို့
ထွက်လာလိုက်သည် ။ဦးလေးကြီးဆိုမှ သူ့ကို
ဦးလို့ခေါ်ခိုင်းသည်ကိုပြန်
စဉ်းစားမိတော့ တကယ်ကို
ကြောင်တောင်တောင်နိုင်လှ
သည် ။သူနဲ့ အသက်ကွာတယ်ဆိုပေမယ့်
ဦးဆိုသည့် အခေါ်
အဝေါ်က သိပ်ကို
ထူးဆန်းလွန်းသည်လေ ။သူကတော့ ဦး
လို့မခေါ်နိုင်ပါ .. ဦးလေးကြီး
ဟုသာ ဆက်ခေါ်မည် ။ဘတ်စ်ကားဂိတ်ရောက်တော့
ဘတ်စ်က ရောက်နေသည်မို့
အဆင်သင့်ကာ
တက်လိုက်သည် ။
YOU ARE READING
Age Is Just A Number√
Fanfictionဦး ကလေးကို ပြောခဲ့တဲ့ အပြစ်တင်စကားတွေကို ဦးတစ်ဘဝလုံးနဲ့ဆပ်ခွင့်ပြုပါ //Completed//