"မင်းတို့ညီအကိုဝမ်းကွဲတော်တယ်!"
ဟူသောစကားကြောင့်ဂျောင်ကုနဲ့
ထယ်ယောင်းမှာအံ့ဩခြင်းများ
စွာဖြင့်သာ။ထယ်ယောင်းလည်းဦးကိုလှမ်းကြည့်
တော့မယုံနိုင်အောင်ကိုအံ့အားသင့်နေပုံ
ရသည်။ထယ်ယောင်းလည်းဘာထူးလဲ။
တစ်ကယ်ကိုမထင်ထားသည့်ကိတ်စ
မို့အံ့ဩရုံကလွဲမတတ်နိုင်ပေ။"ထိုင်ကြလေ ထိုင်ပြီးပြောကြတာပေါ့"
ဂျောင်ကုအဖေကအရင်ထိုင်ကာ
ပြောတော့ဂျောင်ကုနဲ့ထယ်ယောင်း
လည်းထိုင်ခုံမှာထိုင်လိုက်ကြသည်။"ဂျောင်ကုလေးကကျမတူလေးလို့
ကျမ မထင်ထားခဲ့မိဘူး ဟိုတစ်နေ့
ကအိမ်လာတော့ကျမတူတယ်ပဲ
ထင်ခဲ့တာ"ဟာရန်းကဂျောင်ကုမျက်နှာကိုကြည့်
ကာပြောသည်။"ဟာရန်း! မင်း သားနဲ့ငါ့သားက
ကြိုက်နေကြတာရော မင်းသိလား"ဂျောင်ကုအဖေကဂျောင်ကုတို့ကို
မကြည့်ဘဲလေသံအေးအေးနဲ့ပြောသည်။ဂျောင်ကုအဖေ့စကားကြောင့်အံ့ဩ
ကာကြည့်မိသည်။ဖေဖေကဘယ်လိုသိတာလဲ..။
ဘယ်လိုသိတာအရေးမကြီးပေမယ့်
သူကတော့ကလေးနဲ့ညီအကိုတော်
စပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့
မဝေးလိုပါ။"ကျမသိပါတယ် ဟိုတစ်နေ့က
အိမ်ကိုလာသေးတယ်လေ""သူတို့နှစ်ယောက်ကညီအကိုဝမ်းကွဲ
တော်နေတဲ့အတွက်သဘောတူဖို့ဆို
တာမဖြစ်နိုင်ဘူး!"ဂျောင်ကုအဖေစကားကြောင့်
ထယ်ယောင်းခေါင်းငုံ့ထားမိသည်။သူ့အနေနဲ့လည်းအကိုဝမ်းကွဲကိုယူ
ဖို့အထိအင်အားမျိုးမရှိပေ။ဦးကိုချစ်သော်ငြားပတ်ဝန်းကျင်
ကကဲ့ရဲ့ခံရတာမျိုးဦးကိုမဖြစ်စေ
ချင်ပါ။ပထမဆုံးအကြိမ်ဖြစ်ပေါ်လာတဲ့
အချစ်ကိုဒီလိုပဲသင်ပုန်းချလိုက်
တာအကောင်းဆုံးထင်ပါသည်။"ကျတော်ကတော့ဂရုမစိုက်ဘူး
အဖေ! ညီအကိုဝမ်းကွဲတော်တာ
အရင်းမှမဟုတ်တာ"
YOU ARE READING
Age Is Just A Number√
Fanfictionဦး ကလေးကို ပြောခဲ့တဲ့ အပြစ်တင်စကားတွေကို ဦးတစ်ဘဝလုံးနဲ့ဆပ်ခွင့်ပြုပါ //Completed//