ကိုက်ခဲပြီးနောက်ကျိနေသည့်ခေါင်း
ကြောင့်ဂျောင်ကုနိုးလာခဲ့သည်။ညကဆူယာနဲ့အတူဘားမှာသောက်
ပြီးနောက်အိမ်ပြန်ရောက်တော့ထပ်
သောက်သေးတာမို့ခေါင်းကမခံနိုင်
အောင်ကိုက်လှသည်။နာရီကြည့်လိုက်တော့၈နာရီခွဲနေပြီ
မို့အိပ်ယာကထကာရေချိုးခန်းဝင်
ပြီးရေချိုးသန့်စင်လိုက်သည်။ခါတိုင်းဆိုကလေးဆီသွားကြို
နေကြဆိုပေမယ့်အခုတော့ရုံး
သာသွားရတော့မည်။အတွေးထဲစိုးမိုးထားသည့်နှလုံးသား
ပိုင်ရှင်လေးကိုဂျောင်ကုသိပ်လွမ်းပါသည်။ကံတရားကြောင့်ကွေကွင်းခဲ့ရင်တောင်
ဂျောင်ကုပြန်ဆုံချင်မိသည်။ကလေးကသူ့ကိုမချစ်ဘူးဆိုရင်
တောင်သူက ကလေးဘေးမှာ
ကပ်တွယ်နေမည်ဖြစ်သည်။ရေချိုးပြီးပေါ့ပေါ့ပါးပါးရှပ်အကျီ
လက်ရှည်အပြာနဲ့စတိုင်ပင်သာဝတ်
ပြီးမှန်ထဲကြည့်တော့မြင်လိုက်ရသည့်
ကိုယ့်ပုံစံကြောင့်ဟက်ခနဲတစ်ချက်ရယ်
မိသည်။တစ်ပတ်အတွင်းမှာလူကတော်တော်
ကိုချုံးချုံးကျသွားတာဘဲ။ဖုန်းကိုကောက်ယူတော့ခေါ်ထား
သည့်ဆူယာ့ဖုန်းကြောင့်ဂျောင်ကု
လည်းပြန်မခေါ်တော့ဘဲဒီအတိုင်း
သာထားလိုက်တော့သည်။အောက်ထပ်ဆင်းလာတော့
မနက်စာစားဝိုင်းမှာထိုင်နေ
သည့်အဖေနဲ့မိထွေးဖြစ်သူ
ကိုနှုတ်ဆက်ပြီးထွက်သွား
မည်အလုပ်.."မနက်စာလာစားဂျောင်ကု!
နေ့တိုင်းသောက်စားနေပြီး
အစားကျမစားပဲသေချင်နေ
တာလားမင်းက""ကျတော်အပြင်မှာပဲစားလိုက်
ပါ့မယ်"ဂျောင်ကုလည်းအဖေ့ကိုဦးညွတ်
ကာပြောလိုက်သည်။"ဆူယာနဲ့ပြန်အဆင်ပြီဆိုလည်း
ဘယ်တော့မင်္ဂလာဆောင်ကြ
မှာလဲဂျောင်ကု"မိထွေးဖြစ်သူစကားကြောင့်လှည့်
ထွက်ရန်လုပ်နေသည့်ဂျောင်ကုခြေ
လှမ်းတွေရပ်သွားသည်။"ဘာကိုပြောချင်တာလဲ?"
ဂျောင်ကုမေးလိုက်တော့မိထွေး
ဖြစ်သူကမဲ့ပြုံးပြုံးပြီးကော်ဖီ
သောက်နေသည်မို့ဂျောင်ကုစိတ်
ထဲထောင်းခနဲ။
YOU ARE READING
Age Is Just A Number√
Fanfictionဦး ကလေးကို ပြောခဲ့တဲ့ အပြစ်တင်စကားတွေကို ဦးတစ်ဘဝလုံးနဲ့ဆပ်ခွင့်ပြုပါ //Completed//