မနက်စောစော
ဂျောင်ကုတစ်ယောက်
ထယ်ယောင်းအိမ်ရှေ့
ရောက်နေသည် ။ညတုန်းက
ကလေးက အိပ်ချင်မူးတူး
နဲ့သူ့ကို တောင်နှုတ်မဆက်
ဘဲဆင်းသွားသည် ။သူက
လည်းချစ်လာလို့လား
မသိဘူး ။ကလေးလုပ်သမျှ
အရာရာအကောင်းအတိုင်း
ဘဲမြင်နေတော့သည် ။ကလေးကိုချစ်
လာပြီးသည့်နောက်ပိုင်းမှာ
ကလေးအပေါ်လွန်ခဲ့သမျှကို
ပြန်တွေးမိပြီး သက်ပျင်းချရ
သည်မှာလည်းခနခန ။ကလေးအပေါ်
သူအရမ်းလွန်ခဲ့တာတွေ
တွေးပြီး ကလေးကို
အားနာလာရသလို
တစ်ချိန် ချစ်ကြောင်းဝန်ခံခဲ့
ရင် ကလေးဘက်က
လက်ခံပါ့မလားဆိုပြီး
စိတ်ပူမိသည်။တွေးနေတုန်း
အိမ်ထဲက ထွက်လာသည့်
အရိပ်လေးကြောင့်
ကားတံခါးဖွင့်ပေး
လိုက်သည် ။" ရောက်နေတာကြာပြီလားဟင် .. ကျတော် မေမေ့အတွက်
ဟင်းချက်တာနောက်ကျသွားတယ် ဆောရီးပါဗျာ "ခရမ်းရောင်တီရှပ်လေးကို
ဘောင်းဘီအဖြူလေးနဲ့
တွဲဝတ်ထားပြီး
ဆံပင်ကလည်းအခုမှ
ခေါင်းလျှော်လာပုံရကာ
ဆံပင်လေးက ဖွာလန်ကြဲပြီး
ပါပီစုတ်ဖွားလေးလိုဖြစ်
နေသည် ။" ရပါတယ် .. မနက်စာမစားရသေးဘူးမှတ်လား
အရင်ဆုံးမနက်စာစားကြတာပေါ့ .. ပြီးမှ ကုမ္ပဏီ
သွားကြမယ် "" ဟုတ်ကဲ့ .. ဦးလေးကြီး "
အက်ဒီ့
ဦးလေးကြီးဆိုသည့်
နာမည်ကို ခေါ်ခံရတိုင်း
လူက ဘိုးဘွားရိပ်သာသွား
ရတော့မည့်ခံစားချက်လို
ဖြစ်ဖြစ်သွားသည် ။အသက်လေးမဆိုသလောက်
လေး၁၀နှစ်ထဲကွာတာကို
ဘာလို့ဦးလေးကြီးလို့
ခေါ်မှန်းမသိ
ပေ ။ချစ်သူဖြစ်မှ
ဦးလို့မရရအောင်
ခေါ်ခိုင်းမည်ဟု
ဂျောင်ကု တွေးထားသည် ။" ဦးလေးကြီး .. မမောင်းသေးဘူးလား..?! "
" အော် .. အေး မောင်းမယ် "
အောင့်သက်သက်နှင့်
ကားမောင်းနေသော
ဂျောင်ကုကို မသိဘဲ
အပြင်ဘက်ရူခင်းလေးကို
ငေးကြည့်ရင်းပါ
လာသော ထယ်ယောင်းငယ် ။
![](https://img.wattpad.com/cover/281520427-288-k838796.jpg)
YOU ARE READING
Age Is Just A Number√
Fanfictionဦး ကလေးကို ပြောခဲ့တဲ့ အပြစ်တင်စကားတွေကို ဦးတစ်ဘဝလုံးနဲ့ဆပ်ခွင့်ပြုပါ //Completed//