Ep-14

9.4K 887 86
                                    

" ဒါက အရမ်းဟိုက်လွန်းတယ် ..
ဘောင်းဘီကလည်း အပြဲတွေနဲ့
ရေမွှေးကိုကြော်ညာမှာလေ လူ
ကြော်ညာမှာမဟုတ်ဖူး ဘာလို့
အက်‌တာတွေဆင်ထားတာလဲ
Stylist ဘယ်မှာလဲ ..??!! "

ရူတင်ရောက်ကတည်းက
ဝတ်မည့်မော်ဒယ်ကဘာ
မှမဖြစ် ၊ စီးအီးအိုမန်နေဂျာ
ကြောင့် ထယ်ယောင်းအပါ
အဝင် စက်အဖွဲ့ကလူများမှာ
မျက်နှာမဲနေကြသည် ။

စီးအီးအိုလို့ခေါ်ရင်
ငါက ထယ်ယောင်းမန်နေဂျာ
လို့ပြန်ပြန်ပြော‌တတ်သော
စီးအီးအိုကြောင့် ဘယ်သူမှ
စီးအီးအိုလို့မခေါ်ရဲကြတော့ပေ ။

" ဟို .. အက်အကျီကဘာမှမဖြစ်ပါဖူး
ဦးလေးကြီးရဲ့ ကျတော်ဝတ်လိုက်မယ်
ဒါရိုက်တာတွေစောင့်နေကြတာအားနာ
စရာကြီးရယ် "

" တိတ်စမ်း ..! မင်းအကျီကိုလည်းကြည့်ဦး
ရင်ကဟိုက်ပြီး ညှပ်ရိုးတွေပါပေါ်နေမှာ "

ထယ်ယောင်းပြောလည်း
လက်မခံသော ဦးလေးကြီး
ကြောင့် မပြောတော့ဘဲ
ရပ်သာစောင့်နေတော့သည် ။

ရူတင်ကို မနက်၉နာရီကတည်းက
ရောက်နေသော်လည်းအခုထိ
မရိုက်ရသေးဘဲ ဦးလေးကြီးပွား
တာခံနေရတာမို့ အဆင်မပြေတော့ ။

" ကျမ ရောက်ပါပြီ စီးအီး အဲလေ မန်မေဂျာကြီး
ရှင့် ဘာအဆင်မပြေလို့လဲဟင် "

" မင်းဆင်ထားတယ့် အကျီကိုလည်းကြည့်ဦး
ရင်က အရမ်းဟိုက်လွန်းနေတယ် ၊ ထယ်ယောင်း
နဲ့ အဆင်ပြေမှာမဟုတ်ဘူး ဘယ်လိုတွေဆင်ထား
တာလဲ လုံလုံခြုံခြုံဖြစ်မယ့်တစ်စုံအမြန်ယူလာ
ခဲ့ ပြီးတော့ ဘောင်းဘီလည်းလုံခြုံပါစေနော် "

" အာ .. ဟုတ်ကဲ့ "

Stylistမှာလည်းပြင်ပေးထားတာ
ဘာကြောင့်အဆင်မပြေတာလဲမေး
ချင်ပေမယ့်မျက်နှာထားတင်းတင်းနဲ့
စီးအီးအိုကြောင့်အကျီကိုယူပြီးသာ
နောက်တစ်စုံပြောင်းပေးရန်ထွက်လာ
ခဲ့တော့သည် ။

ဂျောင်ကုမှာ‌တော့ ကလေးကြောင့်
သွေးတိုးနိုင်ချေရှိသည် ။

ကလေး ကို မော်ဒယ်လုပ်ခိုင်းမိ
တာ မှားပြီလားတောင်ထင်မိသည် ။

ဒါတောင် သူကမန်နေဂျာဆိုသည့်
ရာထူးနဲ့အနီးကပ်နေနေလို့ ၊ သူသာ
အ‌နီးကပ်မနေနိုင်ရင် ကလေးကို
အူတိုရလွန်းလို့ တော်တော်ကို
အိုစာနေတော့မှာ ။

Age Is Just A Number√Where stories live. Discover now