Ep-3

11.5K 1K 45
                                    


မီးဖိုချောင်ထဲမှာ
အေပရွန်လေးဝတ်ပြီး
ဟင်းချက်နေသော
ထယ်ယောင်းငယ် ။

လောကဓံ၏ ရိုက်ခတ်မှု
ကြောင့် အကုန်
လုပ်တတ်နေသောသူလေးပင် ။

အမေတစ်ခု ၊ သားတစ်ခု
ပေမို့ အိမ်မှာ သူမရှိတုန်း
အမေစားဖို့ ဟင်းတွေအကုန်
ချက်သွားပြီးမှ အလုပ်သွား
လေ့ရှိတတ်သည် ။

ကြက်သားလေးကို
မီး‌အေးအေးလေးနှင့်
ကြော်လိုက်ပြီးနီညိုရောင်
အနေအထားရောက်သည်နှင့်
မီးလေးပိတ်လိုက်သည် ။

ဟင်းရည်အဖြစ်
ပဲပင်ပေါက်လေးကိုငရုတ်ကောင်း
အနည်းငယ်ခတ်ပြီး ချက်လိုက်
သည် ။

အရန်ဟင်းအနေဖြင့်
မေမေ့အကြိုက် ကင်ချီလေးကို
ရေခဲသေတ္တာထဲက ထုတ်ကာ
ပန်းကန်ထဲထည့်လိုက်
သည် ။

စားပွဲပေါ်မှာ လှလှပပ
နေရာယူသွားသော
ဟင်းပွဲတွေကိုကြည့်ရင်း
ထယ်ယောင်းနဖူးက ချွေးစ
လေးတွေကို လက်ခုံက
အကျီစလေးဖြင့်သုတ်လိုက်
သည် ။

ယောင်္ကျားလေးပေမို့
ဟင်းကသိပ်မချက်တတ်သော်
လည်း ဒီလောက်ကတော့
ရအောင်ချက်ဖြစ်သည် ။

"သားထယ် .. အလုပ်သွားတော့မှာလား"

အေပရွန်လေးကို
ချွတ်ပြီး ခုံပေါ်တင်နေတုန်း
အခန်းထဲမှထွက်လာသော
အမေမှလှမ်းမေးသောကြောင့်
ပြုံးပြလိုက်ရင်း အမေ့နားသွား
လိုက်သည် ။

"ဟုတ်တယ် မေမေ သားသွားတော့မလို့ ဟင်းရော
ထမင်းရော ချက်ထားတယ်နော် ၊ ထမင်းစားပြီးဆေး
သောက်ဖို့လည်းမမေ့နဲ့ဦး "

"ငါ့သားလေးလည်း ပင်ပန်းနေပြီ မေမေ စိတ်မကောင်း
ဘူး သားရယ် ၊ အမေ့ကြောင့်သာမဟုတ်ရင် သားလေး
ပင်ပန်းစရာမလိုဘူး "

ထယ်ယောင်းလည်း မေမေ့လက်လေးကို
ကိုင်လိုက်ရင်း..

"မေမေက သားကို ဒီအရွယ်အထိရောက်အောင်ကျွေး
မွေးခဲ့တာလေ ၊ သားက အခုမှ ကျေးဇူးဆပ်ရတာ
သားပင်ပန်းတယ်လို့ကို မထင်ပါဘူးဗျာ ၊ အက်လိုတွေ
မတွေးရဘူး အမကြီး ကင်မ်ရဲ့ "

"ငါ့သား‌လေးက အားကြီးချစ်ဖို့ကောင်းတာဘဲ "

မျက်ရည်လေးဝဲကာ ဆိုလာသော
အမေဖြစ်သူကိုတစ်ချက်
နမ်းလိုက်ရင်း..

Age Is Just A Number√Where stories live. Discover now