Unicode ✅
အရှင်
အရှေ့မှာမြင်နေရသည့် ပြစ်မှတ်အားကြည့်နေသည့် မျက်၀န်းနက်တွေဟာ တောက်ပခြင်းအပြည့်နှင့် ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိကြောင်း ထောက်ပြနေသည်မှာ ဧကန်မုချ။ ဖြူဥပြီးအပြစ်နာဆာမရှိသည့် လက်သွယ်"ထက်ကကြိုးအား တင်းနေအောင်ဆွဲထားရင်း လွှတ်ချလိုက်ချိန်မှာပဲ မြှားကလေးဟာ ပြစ်မှတ်ထဲတန်းနေအောင် ၀င်ရောက်သွားလေ၏။
"အရှင်မင်းမြတ်ရဲ့ လက်ရည်ပိုပြီးတိုးတက်လာတယ်"
ပါလီရဲ့စကားကြောင့် ဘုရင်ကြီးဟာ လက်ခံသည့်သဘောနှင့် ခေါင်းတချက်ငြိမ့်ပြလေ၏။ မပြုံးပြတာကတော့ သိပ်တော့မထူးဆန်းချေ။ ကျွန်ုပ်တို့နေထိုင်သည့် ဝေဒါလီတိုင်ပြည်ရဲ့ အရှင်သခင်ဟာ လွန်ခဲ့တဲ့ငါးနှစ်ထဲက အခုလိုပုံစံအဖြစ်ပြောင်းလဲလာခဲ့သည်မှာ ရင်နာစရာကောင်းလှသည်။
နတ်ဘောင်လောကရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တဲ့ အရှင်မင်းမြတ်ကြောင့် ကျွန်ုပ်တို့၏နိုင်ငံသည်လည်း ကပ်ဘေးစိုက်ခဲ့သလို၊ အရှင်မင်းမြတ်သည်လည်း နတ်လောကရဲ့ ကျိန်စာတိုက်ခံထားတာမို့ အခုလိုပြောင်းလဲလာခြင်းဖြစ်လေသည်။
ကျိန်စာဆိုးကြီးပြေပျောက်ဖို့ နည်းလမ်းမှန်သမျှကြိုးစားခဲ့သော်လည်း အချိန်ငါးနှစ်သာကုန်ဆုံးသွားလေပြီး အရှင်းမင်မြတ်၏ ကျိန်စာဆိုးကြီးဟာ ယခုတိုင်တည်ရှိနေမြဲ။ အရှင်မင်းမြတ်ဟာ စိတ်သဘောထားပြည့်၀ပြီး တိုင်းသူပြည်သားများအပေါ် ကြင်နာတက်သည့် ဘုရင်မင်းမြတ်တပါးသာ။
သို့သော်လည်း ကျိန်စာဆိုးကြီးကြောင့် အရှင်မင်းမြတ်၏ အကျင့်စရိုက်တွေဟာ တနေ့ထက်တနေ့ ပို၍ အရိုင်းဆန်လာလေသည်။ အရင်ကအပြောအဆို ချိုသာသည်အရှင်မင်းမြတ်ဟာ အခုတော့နှုတ်အမူအယာကအစ ကြမ်းတမ်းလှသည်။ ရိုင်းစိုင်းလှသည်။
အရင်ကနွေးထွေးသည့်အပြုံးနှင့် တိုင်းသူပြည်သားတွေအပေါ် ချစ်မြတ်နိုးတက်တဲ့အရှင်ဟာ အခုတော့ အရယ်အပြုံးဆိုတာပင်မမြင်ရ။ ရှိသမျှအချိန်ကာလပတ်လုံး ဒေါသစိတ်သာကြီးထွားနေသလို၊ တိုင်းသူပြည်သားတွေကိုလည်း နည်း"လေးတောင် အမှားမခံတော့ပေ။ သေး"လေးမှားမိရင်တောင် ပေးသည့်အပြစ်ဒဏ်တွေဟာ အင်မတန်ကြောက်စရာကောင်းလှ၏။
YOU ARE READING
အရှင် [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]
Fanfictionအို..အရှင်~ ကျွန်ုပ်ရဲ့အရှင်~။ ဤကမ္ဘာမြေကနေ နှုတ်ဆက်မသွားရခင်အချိန်ထိ အနားမှာခစားခွင့်ပေးပါ အရှင်~။