Unicode ✅
༆ အရှင် ༆
တောတောင်ရေမြေ အေးချမ်းသည်။
ပန်းပေါင်စုံရနံ့ သင်းပျံ့သည်။နှင်းဆီနီလေးအတွက်ကတော့...//
ပန်းချီငယ်ရှိသည့်အရပ် အေးချမ်းသည်။
ပန်းချီငယ်ကိုယ်သင်းရနံ့ သင်းပျံ့သည်။ဤလောကကြီး၌ တစက္ကန့်နေခွင့်ရသေးရင်တောင် ပန်းချီငယ်၏အနား၌ နေချင်သည်။ သူ၏နောက်ဆုံးထွက်သတ်မှာလည်း ပန်းချီငယ်မျက်နှာအားငေးကြည့်ရင်း လူ့လောကကြီးကထွက်သွားမည်။ မျက်လုံးနှစ်လုံးဖွင့်လို့ ပထမဦးဆုံးမြင်ချင်သူမှာ ပန်းချီငယ်ဖြစ်သလို။ သူ၏မျက်လုံးတွေ ထာဝရမှိတ်ကျသွားချိန်မှာလည်း နောက်ဆုံးပန်းချီငယ်မျက်နှာအား မြင်သွားချင်မိသည်။
ဒါဟာအတ္တများလား။
"မောင်တော်။"
"ပန်းချီငယ်။ လာ။ မောင်တော်အနားမှာထိုင်။"
ပန်းချီငယ်လည်း အရှင့်ဘေးမှာဝင်ထိုင်ကာ အရှင့်လက်ထဲစာတစောင်ထည့်ပေးသည်။
"စစ်သူကြီးပါလီတို့ဆီက စာပို့လိုက်တာတဲ့။ စစ်ကြောင်းရေးရာမှာ တခုခုများဖြစ်နေသလား။ ကျွန်တော်စိတ်ပူမိတယ် မောင်တော်။"
မြစိမ်းရှင်လေးစကားကြောင့် အရှင့်ကလက်ထဲကစာအား အလျှင်အမြန် ဖွင့်ဖတ်လေသည်။ နောက်တော့စာထဲရေးထားသည့် အကြောင်းအရာတွေအားဖတ်ရင်း အရှင့်မျက်နှာထက် မေးကျောတွေခပ်တင်းတင်းထွက်ပေါ်လာသလို၊ မျက်နှာတခုလုံးလည်းနီမြန်းနေလေ၏။ စာအားဖတ်ပြီးချိန်မှာတော့ အရှင်ကထိုစာရွက်ကိုလုံးခြေပြီး လွှတ်ပြစ်ပလိုက်သည်။
"ဘယ်လိုဖြစ်တာလဲကွ။ ပွဲတိုင်းငါကိုယ်တော်တို့တိုင်းပြည်က အောင်လံထူနေကြကို။ ဒီတခါဘယ်လိုဖြစ်ရတာလဲ။ စစ်သူကြီးပါလီ တကယ်ပဲဘာတွေလုပ်နေရသလဲ။"
အရှင်က အမျက်တော်ရှကာ စိတ်တိုတကြီးဆိုနေတာမို့ သူလည်းအရှင်လွှတ်ပြစ်လိုက်သည့် စာအားလှမ်းယူပြီး စာထဲကအကြောင်းအရာတွေအားဖတ်ကြည့်လိုက်တော့ စစ်ကြောင်းရေးရာမှာ တဖတ်တိုင်းပြည်က တပ်သားအင်အားများနေသလို၊ ဝေဒါလီတိုင်းပြည်ကတပ်သားများ နောက်သို့ပြန်ဆုတ်ခဲ့ရသည်တဲ့။ ဒါတင်မကသေး။ ဝေဒါလီတပ်သားများ ဒဏ်ယာရထားကြသေးသည်။
YOU ARE READING
အရှင် [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]
Fanfictionအို..အရှင်~ ကျွန်ုပ်ရဲ့အရှင်~။ ဤကမ္ဘာမြေကနေ နှုတ်ဆက်မသွားရခင်အချိန်ထိ အနားမှာခစားခွင့်ပေးပါ အရှင်~။