"Part 18„

1.8K 284 108
                                    

Unicode ✅

༆ အရှင် ༆

အိပ်ယာကနေထတော့ သူ၏မျက်လုံးတွေဟာ အရင်ရက်တွေထက်ပိုပြီး လေးလံလာသလို၊ အမြင်တွေဟာလည်း ဝိုးတိုးဝါးတားနှင့် မြင်ကွင်းတွေအား သဲသဲကွဲကွဲမမြင်ရ။ ဒါကြောင့် သူ၏အနီးအနား၌ မြစိမ်းရှင်လေးဖော်ဆပ်ပေးထားသည့် ဆေးရည်တချို့အား အသည်းအသန်ယူသောက်ရတော့သည်။

ဆေးရည်အား တခွက်လုံးမော့သောက်ပြီး မျက်ဝန်းတွေအား ခဏတာမှိတ်ချထားလိုက်သည်။ ခဏကြာတော့မှ ပြန်ဖွင့်ကြည့်လိုက်တော့ သူ၏မြင်ကွင်းတွေဟာ နဂိုအတိုင်းပြည်လည်ကြည်လင်းနေလေ၏။ ဒါကြောင့်သူလည်း အိပ်ယာကနေထကာ လုပ်စရာရှိတာလုပ်ဖို့ပြင်ရတော့သည်။

ဒီနေ့မြစိမ်းရှင်လေးရဲ့ နန်းတော်အပြင်ဘက်လျှောက်လည်ရန် နှစ်ယောက်သား စီစဥ်ထားကြတာမို့ သူအလိုလိုပျော်နေမိသည်။ မြစိမ်းရှင်လေးနဲ့ နန်းတော်အပြင်ဘက်ကိုထွက်ရမည်။ တိမ်စိုင်တွေကြားထဲ မြစိမ်းရှင်လေး၏ အနက်ရောင်အတောင်ပံတွေအား သူမြင်တွေ့ခွင့်ရပေမည်။ တွေးကြည့်ယုံနဲ့တင် သူအလိုလိုကြည်နူးမိလေ၏။

____________________

"မောင်တော်။"

နန်းဆောင်ထဲဝင်လာသည့် သူ၏ပန်းချီငယ်ဟာ အခါတိုင်းထက်ပိုပြီး လှနေသယောင်။ လက်ထဲ၌လည်း ကျူးလစ်ပန်နီနီတွေကိုင်ထားကာ သူ့အားပြုံးပြနေသည့် ပန်းချီငယ်ဟာ အခါတိုင်းထက်ပိုပြီး တက်ကြွနေခဲ့လေ၏။

"မောင်တော်ပြီးပြီလား။"

"ပြီးပြီ။ ပန်းချီငယ်။ မောင်တော်ဆီလာဦး။"

သူခေါ်လိုက်တော့ ပန်းချီငယ်က သူ့၏ဘေး၌ကပ်ရပ်ပြီး သူ့အားပြုံးရင်းကြည့်နေလေ၏။ သူသည်လည်း ပန်းချီငယ်အားပြုံးပြရင်း သူ့လက်ထဲက ပစ္စည်းလေးအား ပန်းချီငယ်ထဲ အသာလေးထည့်ပေးလိုက်သည်။ ထိုပစ္စည်းအားမြင်လိုက်ရသည့် ပန်းချီငယ်၏မျက်နှာဟာ ပျော်ရွှင်နေပုံမပြ။ အင်မတန်အံသြနေသလို သူ့အားခပ်ငေးငေးစိုက်ကြည့်လာသည်။

"မောင်တော်။"

"မင်းဖခင်ကို ဟလ်လင်နာကျောက်ပေးလိုက်ပါ။ သူလိုချင်တာ ဒါမဟုတ်လား။"

အရှင်  [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]                          Où les histoires vivent. Découvrez maintenant