"Part 15„

2K 314 198
                                    

Unicode ✅

༆ အရှင် ༆

လူတယောက်နဲ့တယောက် ဆုံစည်ဖို့ဆိုတာ ရေစက်လိုသည်တဲ့။ တဦးနှင့်တဦး တွေ့ဆုံပြီဆိုတာလည်း သူတို့နှစ်ဦးကြားရှိသည့် မမြင်နိုင်တဲ့ ဖူစားရေးနတ်ကြောင့်လို့ လူကြီးတွေပြောတာကြာဖူးသည်။ ဒါဆိုတွေ့ဆုံးအောင် ဖန်တီးပေးပြီးမှ ကွဲကွာအောင် ဘာကြောင့်များ ထပ်ပြီးဖန်တီးနေရသနည်း။

ပေါင်းစည်းလို့ မရဘူးဆိုရင်လည်း အစထဲက ဆုံစည်းခွင့်မပေးပါနဲ့ရောလား။ အခုတော့ ဆုံစည်းခွင့်ရပြီးမှ တဖန်ပြန်ခွဲခွာရမည်ဆိုသည်မှာ သိပ်တော့အဓိပ္ပာယ်မရှိလှပေ။

ဒီနေ့မှာနေသာသလို။ နောက်တနေ့ မိုးရွာနိုင်မလား မသချောတဲ့လူ့လောကကြီးမှာ ကျွန်တော်တို့ ချစ်ခင်ရတဲ့သူတွေအနားမှာ ဘယ်အချိန်ထိနေရမလဲဆိုတာ ကျွန်တော်တို့အားလုံး မသိနိုင်၊ မမြင်နိုင်သည့် ကံတရားမျိုးပင်။

ဒီနေ့ချစ်သလို။ နောက်နေ့မုန်းနိုင်သည်။ ဒီနေ့သတိရနေပေမယ့် နောက်နေ့တွေမှာ မေ့ကောင်းမေ့သွားနိုင်လိမ့်မည်။ ဒါကြောင့် ချစ်ခွင့်ရတုံးအချိန်လေးမှာ ချစ်လိုက်ပါ။ ပြေးတွေ့ခွင့်ရတုံးလေး အပြေးတွေ့ပြီး သတိရကြောင်းဝန်ခံလိုက်ပါ။ ဒီနေ့မလုပ်လိုက်ရတဲ့ အကြောင်းအရာတွေဟာ နောက်နေ့လုပ်ခွင့်ရှိပါ့မလား ကျွန်တော်တို့အားလုံး အာမမခံနိုင်ကြပေ။ 

"ပန်းချီငယ်"

"မောင်တော်တောင် နိုးလာပြီပဲ။ ကျွန်တော်က မောင်တော်မနိုးသေးဘူးထင်လို့ ဥယျာဉ်တော်ထဲ လာထိုင်နေတာ။"

မြစိမ်းရှင်လေးဖြေရှင်းချက်အား အရှင်ကသေချာ နားထောင်ကာ ခေါင်းညိမ့်ပြသည်။ နောက်တော့ မြစိမ်းရှင်လေးရဲ့ ပါးပြင်နှစ်ဖက်အား အသာယာကိုင်ကာ နဖူးပြင်ထက် အနမ်းတပွင့် ခပ်ဖွဖွလေးခြွေလေ၏။

"မောင်တော်ရဲ့မနက်ခင်းလေးက ပန်းချီငယ်ကို အနမ်းတပွင့်ခြွေလိုက်ရမှ အဓိပ္ပာယ်ရှိပြီး သာယာတဲ့နေ့လေးဖြစ်လာတာ။"

အရှင့်စကားကြောင့် မြစိမ်းရှင်လေးခေါင်းငုံ့သွားပြီး ခပ်ယေးယေးပြုံးလေ၏။ ခေါင်းငုံ့ထားသော်လည်း ခပ်ဖောင်းဖောင်းဖြစ်နေတဲ့ မြစိမ်းရှင်၏ပါးပြင်လေးတွေဟာ ပြုံးနေတဲ့အချိန်မို့ မို့တက်ပြီး ပန်းနုရောင်လေးသန်းနေလေသည်။

အရှင်  [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]                          Where stories live. Discover now