Unicode ✅
༆ အရှင် ༆
အရှင်ကရွာနေတဲ့မိုးစက်တွေကို ခပ်ငေးငေးစိုက်ကြည့်နေသလို။ သူကလည်း မိုးစက်တွေကို ငေးကြည့်နေသည့် အရှင့်မျက်နှာအား ခပ်ဆွေးဆွေးစိုက်ကြည့်နေမိသည်။ အရှင်ဟာ ဘုရင်တပါးဆိုသည့် ဂုဏ်ပုဒ်နဲ့ထိုက်တန်အောင် အင်မတန်ကြည့်ကောင်းပြီး ပြီးပြည့်စုံသည့်အမျိုးသားတယောက်ပင်။ သူအရှင့်ကိုအားလည်းကျသလို၊ အရှင့်အားပိုင်ဆိုင်ခွင့်ရမယ် မိန်းမပျိုလေးကိုလည်း အားကျမိပါသည်။
ဤသို့တွေးမိတိုင်း သူ့ဘာလို့များဝမ်းနည်းရနေသနည်း။ သူအရှင့်ကိုမြတ်နိုးပါ၏။ သို့သော်လည်း အရှင့်ကိုပိုင်ဆိုင်ခွင့်ရမည့်သူအား အဘယ်ကြောင့် မလိုစိတ်ဖြစ်ရသနည်း။ သူစိတ်ဓာတ်ဟာ အဲ့လောက်ထိ သေးသိမ်မယ့်သူမျိုးမှမဟုတ်တာ။ အရှင့်ကြောင့် သူအတွေးတွေဗျာများရလေပြီ။
"မြစိမ်းရှင်"
ဘေးကနေခပ်တိုးတိုးခေါ်လာသည့် အရှင့်သံကြားမှ သူ့အတွေးနယ်ထဲက လက်ရှိကာလကို သတိရတော့သည်။
"နားထောင်နေပါတယ် အရှင်"
"မိုးရွာတာကို ငါကိုယ်တော်မနှစ်မြို့ဘူး"
အရှင့်စကားကြောင့် မြစိမ်းရှင်လေးက ခပ်ယေးယေးပြုံးလေတယ်။ သူ့ရဲ့အရှင်ဟာ သူနဲ့အတူတူနေလာသည့် ကာလပတ်လုံး သူမနှစ်မြို့တဲ့အကြောင်းအရာတွေကို သူ့အားပွင့်"လင်း"ထုတ်ပြောလေ့ရှိသည်။ အရှင်မနှစ်မြို့သည့် ကိစ္စရပ်ကလည်း ခပ်များများဖြစ်နေခဲ့သည်မဟုတ်လား။
"ဘာလို့လဲ အရှင်ရဲ့၊ ကျွန်တော်သိခွင့်ရှိမလား"
"အင်း...မိုးရွာရင် မယ်တော်ကိုလွမ်းလို့"
ဒီတခါတော့ သူဆက်မပြုံးနိုင်တော့ပဲ သူ့ဘေးကအရှင့်လက်အား အပေါ်ကနေအုပ်မိုးပြီး ဆုပ်ကိုင်ထားလိုက်သည်။ သူ့အရှင်ကဝမ်းနည်းနေတာပဲ။ တလောကလုံး အခက်ခဲဖြစ်နေတဲ့ အချိန်မျိုးတောင် သူ့ဂရုမစိုက်အားသလို။ စိတ်လည်းမဝင်စားချေ။ သို့သော်လည်း အရှင်နဲ့ပတ်သတ်လာရင်တော့ အရှင့်မျက်နှာတော်လေး ညှိုးနွမ်းနေရင်တောင် သူမနေတက်တော့ပေ။
YOU ARE READING
အရှင် [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]
Fanfictionအို..အရှင်~ ကျွန်ုပ်ရဲ့အရှင်~။ ဤကမ္ဘာမြေကနေ နှုတ်ဆက်မသွားရခင်အချိန်ထိ အနားမှာခစားခွင့်ပေးပါ အရှင်~။