Unicode ✅
༆ အရှင် ༆
စုတ်တံလှလှလေးအား ဆေးရည်ထဲနှစ်ကာ ချဆွဲလိုက်သည့် ဆေးစက်များဟာ ပကတိလှပနေလေ၏။ Painting paper ပေါ်အား ဆေးစက်တစက်ချပြီး ဆွဲလိုက်တိုင်း ထွက်ပေါ်လာသည့် ပုံရိပ်တွေဟာ သူတွေးထားသည့်ထက် ပိုလို့ပင်လှပနေခဲ့လေ၏။
ကျောပြင်နုနုထက်ထင်းနေသည့် လက်ဝတ်ရတနာတွေမှာ ပန်းချီငယ်လေးနှင့် အင်မတန်လိုက်ဖက်ပါဘိ။ မြင်နေရသည့် ကျောပြင်နုနုကလေးဟာ အပြစ်ပြောရက်စရာမရှိလောက်အောင် လှပသင့်တင်လွန်းတာမို့ ထိုကျောပြင်နုနုအား ခပ်ကြာကြာမစိုက်ကြည့်မိစေဖို့ သူကိုယ်သူသတိပေးနေမိသည်မှာ ဘယ်နှကြိမ်မြှောက်မှန်းမသိတော့ချေ။
လေးတိုက်တိုင်း ရွှေ့လျှားနေသည့် ဆံနွယ်တွေဟာ မြတ်နိုးဖွယ်ရာအတိ။ ဆံနွယ်လေးတွေအား ပုံဖော်ပြီးချဆွဲလိုက်တော့ အသက်ဝင်လွန်းလှသည့် ပန်းချီကားချပ်ဟာ သူ့လက်ရာကြောင့်မဟုတ်ပဲ ပန်းချီငယ်လေး၏အလှတရားကြောင့် ပကတိလှပနေတာမျိုးဖြစ်လေ၏။
ဆွဲနေရင်းမှ ခါးသိမ်သိမ်လေးနေရာဆီရောက်တော့ သူပြုံးမိ၏။ ပန်းချီငယ်လေး၏ ခါးဟာသေးသွယ်ပြီး အင်မတန်လှရက်လေ၏။ ထိုခါးသိမ်သိမ်လေးအား သူအကြာကြီး ဖက်ထားချင်မိသည်။ အတွေးတွေအား ခဏဖျက်ကာ ခါးသွယ်သွယ်လေးအား ပကတိလှပသေသပ်အောင် သူရေးဆွဲလိုက်သည်။
နောက်ကျောက်ဘက်ခြမ်း ရေးဆွဲပြီးချိန်မှာတော့ သူပန်းချီငယ်၏ မျက်နှာလေးအား အမြတ်တနိုးပုံဖော်ချင်စိတ်လေး ဖြစ်လာပြန်၏။ ရလေလိုလေ အိုတစ္စေဆိုသလို သူပန်ချီးငယ်လေး၏ ခန္ဓာကိုယ်အစိတ်အပိုင်းအား တခုမကျန်ရေးစွဲကာ အမြတ်တနိုးသိမ်းထားချင်မိပြန်သည်။ သူသည်လည်း ပန်းချီငယ်လေးကြောင့် သွက်သွက်ခါအောင်ရူးရလေပြီ။
"ဒီဘက်လှည့်ပေးပါလား မြစိမ်းရှင်၊ မောင်တော် မင်းမျက်နှာလေးကို ရေးဆွဲချင်လာလို့"
အရှင့်စကားကြောင့် မြစိမ်းရှင်လေးက အရှင်နှင့်မျက်နှာချင်းဆိုင်ဘက်ကို လှည့်ကာထိုင်လိုက်သည်။ အဘယ်ကြောင့်များ သူ၏မြစိမ်းရှင်လေးဟာ မျက်နှာနုနုလေးထက် ချွေးစက်လေးတွေ တွယ်ခိုနေရသနည်း။ ပန်းနုရောင်သန်းနေသည့် ပါးပြင်နုနုလေးတွေဟာ ဘာကြောင့်များလဲ။
YOU ARE READING
အရှင် [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]
Fanfictionအို..အရှင်~ ကျွန်ုပ်ရဲ့အရှင်~။ ဤကမ္ဘာမြေကနေ နှုတ်ဆက်မသွားရခင်အချိန်ထိ အနားမှာခစားခွင့်ပေးပါ အရှင်~။