"Part 12„

2.1K 349 346
                                    

Unicode ✅

အရှင်

"သားတော်"

နန်းဆောင်ထဲ ဝင်ဝင်ချင်း ကြားလိုက်ရသည့် အသံကြောင့် မြစိမ်းရှင်လေး ထိုနေရာတင် ကျောက်ရုပ်တရုပ်လို ငြိမ်သတ်နေလေ၏။ ထိုအချိန်မှာပဲ သူ၏ရှေ့၌ ထွက်ပေါ်လာသည့် ဖခင်။ သူ့၏ဖခင်သည် သူ့အားအေးအေးလူးလူး စိုက်ကြည့်နေတာမို့ သူ့ဖခင်နှင့် မျက်လုံးချင်းမဆုံရဲရအောင် သူစိုးထိတ်မိသည်။

သူ့၏ဖခင်ဟာ နှစ်တွေအကြာကြီးနေလို့ တကြိမ်တောင် သူ့၏ရှေ့မှောက်ပေါ်မလာခဲ့။ ပေါ်လာဖူးတဲ့အချိန်တွေဟာလည်း သူ့အပြစ်လုပ်ထားလို့ ဆုံးမစကားလာဆိုပြီး အပြစ်ပေးဖို့ ရောက်လာတက်သည့် အချိန်မျိုးတွေပင်။

"အဖေ"

"သားတော်။ အဖေကမင်းပြန်လာမယ့် အချိန်ကိုစောင့်နေတာ။ မင်းဘယ်ကပြန်လာသလဲတော့ အဖေမမေးတော့ဘူး။ အဖြေကိုသိပြီးသားမို့လို့ပဲသားတော်"

"အဖေ...ဒီတခါရော ကျွန်တော်ကိုအပြစ်ပေးဖို့ ရောက်လာပြန်တာပဲမဟုတ်လား"

သူမေးတော့ ဖခင်လုပ်သူက သက်ပြင်းယဲ့ယဲ့ချလေ၏။ သူ့အမေးက ဘာများမှားနေသလဲ။ သူ၏ဖခင်က ဘယ်ချိန်ကများ သူအားလွမ်းဆွတ်သတိရလို့ပါဆိုပြီး ပေါ်လာဖူးသလဲ။ သူအပြစ်လုပ်မိလို့ အပြစ်ပေးမယ့်အချိန်ပဲ ပေါ်လာတက်တာလေ။ ဒါကြောင့်လည်း သူ၏ဖခင်အား သံယောဇဥ်ဖြတ်တောက်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တာ သူမှားလေသလား။

"ထိုင်ပါဦး။ အဖေမင်းကိုပြောစရာတွေရှိတယ်"

ဖခင်စကားကြောင့် သူလည်း ဖခင်နှင့်အတူ ဝင်ထိုင်ကာ ဖခင်ပြောလာမည့်စကားတွေအား နားထောင်ပေးဖို့ ပြင်ရလေ၏။

"အဖေဘာတွေပြောမှာလဲ။ ဒီတခါလည်း ဆုံးမတဲ့စကားတွေပဲလား။ အဖေ...ဒီတခါကိစ္စကိုတော့ ကျွန်တော်ကို မတားပါနဲ့လား"

သူ့အပြောကြောင့် ဖခင်၏မျက်နှာပျက်သွားလေသည်။ သူကတော့ အရှင်နဲ့ပတ်သတ်သည့် မည်သည့်ကိစ္စရပ်မဆို မည်သည်တဦးတယောက်ကိုမှ ပါဝင်ပတ်သတ်ခွင့် မပေးနိုင်သလို၊ ဝင်ရောက်ပြောဆိုတာမျိုးလည်း သူလက်မခံနိုင်ပေ။

အရှင်  [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]                          Where stories live. Discover now