ဇာတ်သိမ်းပိုင်း။

4.3K 332 85
                                    

Unicode ✅

༆ အရှင် ༆

ကောင်းကင်ကကြယ်တွေဟာ ဒီညကျမှပိုပြီးတောက်ပနေသယောင်။ သူ့၏ဘေး၌ထိုင်နေသည့် ကောင်လေးအား လှည့်ကြည့်မိတော့လည်း လက်နှစ်ဖက်အားပွတ်သပ်ရင်း ခပ်ကုပ်ကုပ်လေးထိုင်နေတာမို့ သူတချက်ပြုံးကာ ကိုယ်ပေါ်ကအကျ••အားချွတ်လိုက်ပြီး ကောင်လေး၏ကိုယ်ငယ်ထက်လွှမ်းခြုံပေးလိုက်သည်။

ထိုအချိန်သူ့အားမော့ကြည့်လာသည့် မျက်ဝန်းဝိုင်းဝိုင်းလေးတွေဟာ အံသြနေသယောင်။

"အေးတယ်လေ။"

"အင်း..အေးတယ်။"

ခပ်တိုးတိုးအသံနှင့် သူ့ရင်ခွင်ထဲတိုးဝင်လာသည့်ကိုယ်ငယ်လေး။

"အေးတယ်။ ဖတ်ထားပေးပါလား။"

သူပြုံးမိသည်။ ရင်အစုံဟာလည်း ကဆုန်ပေါက် လှုတ်ခတ်နေသည်။ ကိုယ်ငယ်လေးအား ဖက်သွယ်ထားသည့် သူ၏လက်တွေဟာလည်း သိသိသာသာပင် တုန်ရီပြီးအေးစက်နေလေ၏။

"လွမ်းနေတာ။ ဒီရင်ခွင်။ ဒီကိုယ်သင်းရနံ့။ ဒီလူသားရဲ့အစိတ်အပိုင်းတခုချင်းဆီတိုင်းကို ဘယ်လောက်တောင် လွမ်းနေခဲ့ရသလဲ။ သိရဲ့လား။ ဟင်..."

သူ့အားမော့ကြည့်ရင်းဆိုလာသည့် ပန်းချီငယ်၏မျက်ဝန်းအိမ်ဟာ မျက်ရည်စလေးတွေရစ်သိုင်းနေခဲ့သည်။ သူပြုံးပြရင်း ပန်းချီငယ်၏နဖူးပြင်အား ခပ်ကြာကြာနမ်းရှိုက်ထားမိသည်။

သူသည်လည်းဒီလူသားငယ်ကို ရူးမတက်လွမ်းဆွတ်ခဲ့ရတာမဟုတ်လား။

"ကိုယ်လည်းမင်းကိုသိပ်လွမ်းနေခဲ့တာပေါ့။ ပြောမပြတက်အောင်လွမ်းနေခဲ့တာ ပန်းချီငယ်။"

"ကျွန်တော်‌ခင်ဗျားနဲ့ထပ်မဝေးချင်ဘူး...ဟင့်..မဝေးချင်ဘူး။"

သူ့ရင်ခွင်ထဲမျက်နှာဝှက်ကာ ငိုရင်းဆိုလာသည့် ပန်းချီငယ်စကားတွေကြောင့် သူသည်လည်းမငိုဖို့မထိန်းနိုင်ခဲ့။ မျက်ရည်ပင်လည်လာသည်။ ချစ်ရသူငိုကြွေးနေသည်ကိုမြင်ရတော့ သူဘယ်စိတ်နဲ့များထိန်းထားနိုင်မှာလဲ။

"ကျွန်တော်လေ..ကျွန်တော်မောင်တော်ကို အချိန်တိုင်းလာရှာခဲ့ပါတယ်။ ဟင့်...မောင်တော်နဲ့တွေ့တော့လည်း မောင်တော်အနားကိုလာဖို့ ကျွန်တော်ကြောက်နေမိခဲ့တယ်။ ဟင့်...ဘာလို့လဲသိလား။ ကျွန်တော်ကြောင့်...ကျွန်တော်ကြောင့် မောင်တော်ထပ်ပြီးထိခိုက်မှာကြောက်လို့။ ဟင့် ကျွန်တော်ကြောက်လို့ပါ။"

အရှင်  [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]                          Nơi câu chuyện tồn tại. Hãy khám phá bây giờ