Unicode ✅
༆ အရှင် ༆
နားထဲကြားနေရတဲ့ ကျေးငှက်ကလေးတို့၏အသံသည် သာယာနာပျော်ဖွယ်ကောင်းလှသည်။ မျက်လုံးထဲမြင်နေရသည့် သစ်ပင်၊ ပန်းပင်းတွေမှာလည်း မိုးစက်လေးတွေစိုစွတ်နေပြီး စိမ်းစိုနေလေရဲ့။ သဘာ၀တရားကြီးနှင့်အတူ သူ့၏အရှေ့ကမြစိမ်းရှင်သည်လည်း မြင်ရသူအဖို့ စိတ်နှလုံးအေးချမ်းစေမှာအသေအချာပင်။
ပလိုင်းသေးသေးလေးအားလွယ်ထားပြီး ဆေးရွက်တွေအား နမ်းကြည့်လိုက်။ ပလိုင်းထဲကောက်ထည့်လိုက်နှင့် တယောက်ထဲအလုပ်ရှုပ်နေတဲ့ မြစိမ်းရှင်လေးပင်။ အခုသူတို့ရောက်နေတာကတော့ မြစိမ်းရှင်လေးကသူ့အတွက် ဆေးဖော်ဆပ်ရန် တောထဲဆေးရွက်တချို့ လာခူးနေခြင်းဖြစ်သည်။
သူအားနေခဲ့ဖို့ပြောပေမယ့်လည်း မြစိမ်းရှင်အား တယောက်ထဲလွှတ်လိုက်ဖို့ သူစိတ်ထဲလေးလံနေမိသည်။ လမ်းခရီးမှာ တခုခုဖြစ်လေမလား။ တောထဲ ရန်ပြုမည့် တိရစ္ဆာန်တချို့နဲ့များ တွေ့နေမလား။ ထိုသို့သော်အတွေးများနှင့် တယောက်ထဲမလွှတ်ဖြစ်တော့။ သူပါအဖော်အဖြစ်လိုက်ပါလာခဲ့သည်။
သူ၏မြစိမ်းရှင်သည် သာဘာဝတရားကြီးနှင့်အပြိုင် လှချင်တိုင်းလှနေတော့သည်~။
"အရှင်~"
ခပ်တိုးတိုးခေါ်လာသည့်အသံကြောင့် လှည့်ကြည့်လိုက်တော့ Clover ရွက်ကလေးတရွက်အား သူ့လက်ထဲထည့်ပေးလေသည်။ သူနားမလည်သလိုလေးကြည့်တော့ သူ့အားပြုံးပြနေပြန်တဲ့ မြစိမ်းရှင်။
"ဒီအရွက်လေးကရှားတယ်၊ သူ့ကိုမြင်တဲ့အချိန်မှာ ဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့ စာအုပ်တအုပ်မှာဖတ်ဖူးတယ်အရှင်"
သူ့စကားကိုအရှင်ကနားထောင်ပြီးချိန်မှာတော့ မျက်နှာကလေးမဲ့သွားသည်။ အရှင့်ကြည့်ရတာ သူပြောသည့်ဆုတောင်းအပေါ် အယုံအကြည်မရှိသလိုပင်။ အရှင်မယုံတာမထူးဆန်ပေမယ့်လည်း ဆုတောင်းတွေဟာ အမြဲတမ်းမဟုတ်ရင်တောင် တခါတရံတော့ပြည့်တက်သည်မဟုတ်လား။
"အရှင်တခါလောက်စမ်းကြည့်ပါလား"
"ဆုတောင်းတွေ...ငါကိုယ်တော်မယုံဘူး မြစိမ်းရှင်"
YOU ARE READING
အရှင် [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]
Fanfictionအို..အရှင်~ ကျွန်ုပ်ရဲ့အရှင်~။ ဤကမ္ဘာမြေကနေ နှုတ်ဆက်မသွားရခင်အချိန်ထိ အနားမှာခစားခွင့်ပေးပါ အရှင်~။