"Part 17„

1.9K 301 398
                                    

Unicode ✅

༆ အရှင် ༆

မနက်စောစော ချယ်ရီပင်အောက်က ခုံးတန်းလျားထက်ထိုင်ရင်း သူတယောက်ထဲငေးငိုင်နေမိသည်။ အရှင်စစ်ကြောင်းရေးရာထွက်သွားသည်မှာ ၃ရက်ကြာလေပြီ။ အရှင်ဟာပြန်မရောက်သေးတာလား။ ဒါမှမဟုတ်။ ပြန်ရောက်နေပါရဲ့နဲ့သူ့အားလာမရှာပဲနေနေခဲ့တာများလား။ တယောက်ထဲတွေးချင်ရာတွေးရင်း ဝမ်းနည်းနေမိသည်။

အရှင်ပြန်လာရှာရင် အရှင့်အားကြိုဖို့ ကိုယ်တိုင်ထိုးထားသည့် ပန်းကုန်းထက်ကပန်းတွေဟာလည်း ညှိုးနွမ်းနေလေပြီ။ အသစ်တခုထပ်ဖန်တီးပေးဖို့လည်း သူစိတ်ထဲလေးလံနေတာမို့ ညှိုးနွမ်းနေပြီဖြစ်သည့် ပန်းတွေကိုသာ ဆုပ်ကိုင်ထားရင်း အရှင်ပြန်လာခေါ်မယ့်အချိန်ကိုသာ စောင့်မျှော်နေမိလေသည်။

"မောင်တော်အဆင်ပြေနေရဲ့လား။ လွမ်းလိုက်တာမောင်တော်ရယ်..."

ချယ်ရီပွင့်တွေအားငေးကြည့်ရင်း တွေဆဆလေးပြောနေသည့် မြစိမ်းရှင်။

"ကျွန်တော်ကို မောင်တော်လာရှာမယ်မဟုတ်လားဟင်။"

၃ရက်အကြာတောင် ပေါ်မလာသည့်အရှင့်ကြောင့် ပန်းချီငယ်လေး ဝမ်းနည်းရလေပြီ။ သူဟာမည်မျှပဲအားကြီးသည့် နတ်ဆိုးတကောင်ဖြစ်နေပါစေဦး။ သူမြတ်နိုးရသည့် အရှင်နှင့်ပတ်သတ်ရင် တို့ထိလိုက်ယုံနဲ့ ကြွေမွသွားမည့်အစိုင်အခဲတခုပမာပင်။

အချစ်ကလူတွေကိုပျော့ညံ့စေသလား။

အရှင့်အားလွမ်းဆွတ်မိနေတုံးမှာပဲ ခေါင်းထဲဝင်လာသည်မှာ အထိန်းတော်ဂျောင်ပြောခဲ့သည့် စကားတွေကိုပင်။ ဂျောင်သည် အရှင့်ဆီကသူတို့လိုချင်သည့် ပစ္စည်းအားယူပြီး အရှင့်ဆီကနေ အပြီးအပိုင်ထွက်လာဖို့ အမျိုးမျိုးမှာလေသည်။ သူငြင်းတော့ ဂျောင်ကသူ့လက်တွေကိုကိုင်ကာ "သခင့်အတွက်ပါ"ဆိုသည့်စကားအား အကြိမ်ကြိမ်ဆိုရင်း သူ့အားခယတောင်းဆိုသည်။

သူဟာအရှင့်အတွက် အဆိပ်တောက်တခုဖြစ်နေပြီလား။ တကယ်ပဲ သူအရှင့်အနားဆက်နေရင်း ဖြစ်လာမယ့်အကျိုးဆက်ဟာ ဆိုးကျိုးတွေပဲဖြစ်လာမည်လား။ သူမသိချင်ဘူး။ သူမတွေးချင်ဘူး။ သူအရှင့်အနားပဲနေချင်တာ။ သူအရှင့်အနားမှာပဲနေချင်ယုံလေးပါ။ ကျန်တာသူဘာကိုပဲစွန့်လွှတ်ရ။ စွန့်လွှတ်ရ။ သူစွန့်လွှတ်နိုင်တာမို့၊ အရှင့်ကိုသာသူပိုင်ဆိုင်ခွင့်ရချင်မိသည်။

အရှင်  [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]                          Where stories live. Discover now