Unicode ✅
༆ အရှင် ༆
"မောင်တော်...."
ဒီအသံ။ ပန်းချီငယ်ရဲ့အသံ။ သူရူးနေပြီ။ ထင်ယောင်ထင်မှားအသံတွေတောင် သူကြားနေရပြီ။ သူတကယ်ကို သွက်သွက်ခါအောင်ရူးနေပြီ။
"မောင်တော်...မောင်တော်..."
ဒီတခါတော့ သူ့၏ရင်ခွင်ထဲတိုးဝင်လာသည့် ကိုယ်ငယ်လေး။
"ပန်း..ပန်းချီငယ်။ တကယ်ပဲ..တကယ်ပဲ..ပန်းချီငယ်လား။ မောင်တော်အိမ်မက်..မက်နေတာလား။ ဟုတ်တယ်မလား။ ဒါ..ဒါအိမ်မက်မဟုတ်လား။"
"မောင်တော်ရဲ့ပန်းချီငယ်အစစ်ပါ။ ဒါအိမ်မက်လည်းမဟုတ်ဘူးမောင်တော်။"
ဒီတော့မှမောင်တော်က တုန်ရီနေတဲ့လက်တွေနှင့် သူ့မျက်နှာအားထိတွေ့လာသည်။ နောက်တော့ သူ့နဖူးပြင်အား ခပ်ကြမ်းကြမ်းဖိကပ်နမ်းနေရင်း စတင်ငိုတော့၏။ သူမတားမိပါ။ မောင်တော်ငိုနေသည်ကို ဒီတခါတော့သူမတားမိပါ။ သူသည်လည်း အချိန်အကြာကြီးခွဲခဲ့ရသည့် မောင်တော်ရင်ခွင်ထက် အတားအဆီးမဲ့ငိုကြွေးနေမိသည်မဟုတ်ပါလေသလား။
"လွမ်းနေခဲ့တာ...မောင်တော်မင်းကို နေ့တိုင်း..သတိရနေခဲ့တာ။ မင်းပြန်လာမယ့်နေ့ကို မောင်တော်ဘယ်လောက်တောင် စောင့်ခဲ့ရသလဲ..မင်းသိလား ပန်းချီငယ်။"
အရှင့်စကားကြောင့် ပန်းချီငယ်က အရှင့်ပါးပြင်တွေကိုင်ထားရင်း အကြည့်ချင်းဆုံစေလေ၏။
"မောင်တော်..ကျွန်တော်တို့ အဝေးဆုံးကိုထွက်သွားရအောင်။"
ပန်းချီငယ်ဆိုလိုချက်အား သူနားမလည်။
"အားလုံးနဲ့ဝေးရာဆီကိုထွက်သွားရအောင်။ လူ့လောက။ နတ်ဘောင်လောက။ လူတွေ။ နတ်တွေ။ အတ္တတွေ။ ကျိန်စာတွေ။ အားလုံးအားလုံးနဲ့ဝေးရာကို ကျွန်တော်တို့အတူတူပြေးထွက်ရအောင်မောင်တော်။"
ဒီတခါတော့ အရှင်ကနားလည်ဟန်နှင့် မျက်ရည်တွေကြားထဲကပြုံးတော့သည်။ နှစ်ယောက်သား တယောက်ကိုတယောက် အချိန်အကြာကြီးငေးကြည့်နေပြီးမှ ကမ်းစပ်နားအတူတူထိုင်ကာ ပန်းချီငယ်ကတော့ အရှင့်ရင်ခွင်ထဲတိုးဝင်နေလေ၏။ အရှင်သည်လည်း ပန်းချီငယ်၏ကိုယ်ငယ်လေးအား အနောက်ကနေသိုင်းဖက်ထားရင်း ပန်းချီငယ်၏ဆံနွယ်တွေအား အသာလေးသပ်တင်ပေးနေလေရဲ့။
ESTÁS LEYENDO
အရှင် [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]
Fanficအို..အရှင်~ ကျွန်ုပ်ရဲ့အရှင်~။ ဤကမ္ဘာမြေကနေ နှုတ်ဆက်မသွားရခင်အချိန်ထိ အနားမှာခစားခွင့်ပေးပါ အရှင်~။