Unicode ✅
༆ အရှင် ༆
သူ့လက်တွေအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း ရှေ့ကနေခပ်သွက်သွက်လျှောက်နေသည့် ပန်းချီငယ်ဟာ မည်မျှသူ့အားစိတ်ဆိုးနေကြောင်း သိသာစေသည်။ သူသည်လည်းသူ့အမှားနှင့်သူမို့ ပန်းချီငယ်အား ဘာမှမပြောစေလို။ ဒါကြောင့် ပန်းချီငယ်ဆွဲခေါ်သွားရာနောက် သူငြိမ်ပြီးလိုက်လာမိသည်။
တနေရာရောက်တော့ ပန်းချီငယ်ကသူ့လက်တွေကိုလွှတ်ပေးပြီး သူ့ဘက်လှည့်လာကာ သူ့အားခပ်စူးစူးစိုက်ကြည့်လာလေရဲ့။ အခုကရော ပန်းချီငယ်ကမျက်ဝန်းတွေက မည်သည့်အရောင်သို့ ကူးပြောင်းနေသလဲသူမသိ။ အနီလား။ အစိမ်းလား။ အနက်လား။ ဒါမှမဟုတ် ပန်းရောင်။ ဘာအရောင်များလဲ။
"မောင်တော်ဘာလို့မပြောခဲ့တာလဲ။"
မချိုမြိန်နေခဲ့ဘူး။
သူ၏ပန်းချီငယ်အသံက အခါတိုင်းလိုချိုမြိန်မနေခဲ့ဘူး။မနူးညံ့နေခဲ့ဘူး။
သူ့လက်တွေကိုဆွဲထားတဲ့ ပန်းချီငယ်၏အထိအတွေ့တွေကလည်း တစက်လေးမှနူးညံ့မနေခဲ့ဘူး။မလိမ်တန်းဝန်ခံရရင် ပန်းချီငယ်ဆီက အခုလိုတုံ့ပြန်မှုတွေအတွက် သူမည်သို့မှနေသားမကျသေးပေ။
"မောင်တော်! ကျွန်တော်မေးနေတယ်လေ!"
"မအော်နဲ့...."
အရှင်ကမျက်ရည်တွေဝဲလာကာ ခေါင်းခါရင်းပြန်ပြောသည်။ မြစိမ်းရှင်ကတော့ စိတ်မထိန်းနိုင်သေးတာမို့ ဒေါသစိတ်နှင့် အရှင့်လက်တွေအား ပိုတင်းနေအောင် ဆွဲညှစ်ထားကာ သူသိချင်တဲ့ကိစ္စရပ်တွေအား နောက်ထပ်တကြိမ်ထပ်မေးပြန်၏။
"မောင်တော်! ကျွန်တော်ဒေါသမီးကို ပိုပြီးတောက်လောင်အောင် မလုပ်ချင်ပါနဲ့။ ကျွန်တော်မေးတာကိုဖြေ။ ဘယ်တုန်းထဲကမောင်တော်ရဲ့အမြင်အာရုံတွေ ဆုံးရှုံးထားရတာလဲ။ မောင်တော်ဘာလို့ ကျွန်တော်ကိုလိမ်ထားရက်တာလဲ!! ဖြေလေမောင်တော်!! ထပ်ပြီး ထပ်ပြီး ကျွန်တော်ကိုထပ်ပြီး မဖုံးကွယ်ပါနဲ့တော့!!"
သူကသာစိတ်ဆိုးတကြီးအော်နေပေမယ့် အရှင့်ဘက်ကတော့ မျက်ရည်တွေဝဲရင်း ခေါင်းတခါခါနှင့်သာ။
YOU ARE READING
အရှင် [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]
Fanfictionအို..အရှင်~ ကျွန်ုပ်ရဲ့အရှင်~။ ဤကမ္ဘာမြေကနေ နှုတ်ဆက်မသွားရခင်အချိန်ထိ အနားမှာခစားခွင့်ပေးပါ အရှင်~။