Unicode ✅
༆ အရှင် ༆
ဘုရင်ကြီးမင်းယွန်ဂီသည် လက်ထဲကတယောကို ကြည့်ပြီးအသာယာတို့ထိနေတော့သည်။ တီးခတ်ကြည့်ဖို့တော့ သူမကြိုးစားချေ။ အဘယ်ကြောင့်ဆိုသော ဒီတယောလေးဟာ သူ့၏မိခင်မကွယ်လွန်ခင်က နောက်ဆုံးတီးခတ်ပြသွားတဲ့ တယောလေးဖြစ်တာမို့ သူတီးခတ်ဖို့မရဲပေ။
မိခင်ကွယ်လွန်ပြီးထဲက ဝေဒါလီ တိုင်းပြည်အတွင်း တယောသံမကြားစေလိုတာကြောင့် မည်သူတဦးတယောက်မှ တယောတီးခွင့်မပြုကြောင့် ကြောငြာခဲ့လေသည်။ ဒါကြောင့် ဝေဒါလီတိုင်းပြည်ထဲ တယောသံမကြားရသည်မှာ ၅နှစ်ခန့်ကြာလေပြီ။
"လျှောက်တင်စရာရှိကြောင်းပါအရှင်မင်းမြတ်"
နန်းဆောင်ထဲ၀င်လာတဲ့ပါလီကြောင့် လက်ထဲကတဟောအား ဘေးမှာချထား စကားစက်စေသည်။
"လျှောက်တင်ပါ"
"အရှင်မင်းမြတ်အား အနီးကပ်ပြုစုမယ့် သမားတော်ရောက်ရှိနေကြောင်းပါ"
စူးခနဲအောင့်တက်လာတဲ့ရင်ဘတ်ကြောင့် ဘုရင်ကြီးရင်ဘတ်ကိုဖိပြီး "အာ့" ခနဲ့တချက်အော်မိတော့သည်။ ပါလီဟာလည်း ချက်ချင်းဆိုသလို ဘုရင်ကြီးအနားကိုရောက်လာကာ ဘုရင်ကြီးအခြေအနေအား မေးမြန်းတော့သည်။
"အဆင်ပြေရဲ့လား အရှင်မင်းမြတ်"
"ရတယ်၊ ငါကိုယ်တော်ဘာမှမဖြစ်တာမို့၊ သမားတော်ကိုသာ နန်းဆောင်ထဲခေါ်လာလိုက်ပါ"
ဘုရင်ကြီးကအဆင်ပြေကြောင်းပြောတော့မှ ပါလီကနန်းဆောင်အပြင်က သမားတော်အသစ်ကိုသွားခေါ်လေသည်။ ခဏကြာတော့မှ နန်းဆောင်ထဲပြန်ဝင်လာတဲ့ ပါလီနဲ့အတူ သမားတော်ဆိုသည့် အသက်ငယ်ငယ်ကောင်လေးတယောက်။
ဘုရင်ကြီးသည် သူ့အရှေ့မှာခေါင်းငုံ့ကာထိုင်နေတဲ့ သမားတော်ကိုတချက်ကြည့်လေတယ်။ ပြီးတာနှင့် ပါလီကိုသွားခိုင်းပြီး သမားတော်ကိုတော့ ချန်ခဲ့ခိုင်းလေရဲ့။ တတော်ကြာသည်အထိ ဘုရင်ကြီးကလည်း မည်သည့်စကားတခွန်းမှမဆိုသလို။ သမားတော်လေးဘက်ကလည်း ခေါင်းငုံ့ထားကာ ဘာအသံမှမထွက်ချေ။
YOU ARE READING
အရှင် [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]
Fanfictionအို..အရှင်~ ကျွန်ုပ်ရဲ့အရှင်~။ ဤကမ္ဘာမြေကနေ နှုတ်ဆက်မသွားရခင်အချိန်ထိ အနားမှာခစားခွင့်ပေးပါ အရှင်~။