5....💜

1.6K 148 8
                                    

"A Promise For Love " (Part-5)

.....ကျွန်တော် ဖတ်လိုက်မိတယ်... ဖတ်ခဲ့လိုက်တယ်... ကျွန်တော်သူ့ရှေ့ ဘယ်လိုရောက်သွားခဲ့မှန်းတောင်မသိဘူး... ကျွန်တော်ရင်ခွင်ထဲ ဆွဲသွင်းလိုက်မိသွားတာ တောင် သတိမထားမိခဲ့ ဘူး...တချိန်ထဲမှာ... ပျော်ရွှင်မှု... ဝမ်နည်းမှု...တွေ က အားပြိုင်နေတဲ့အတွက်... ကျွန်တော် ဖတ်ထားလိုက်ပြီး ငိုခဲ့မိတယ် သူ့ပုခုံးပေါ်မှာ...ကျေးဇူးတင်ပါတယ် ပြောရင်း...တောင်းပန်ပါတယ် စကားဆိုရင်း..စက္ကန့်ပိုင်းတော်တော်ကြာ... ငိုလိုက်မိတယ်... မျက်ရည်တွေက လဲ ထိန်းမရ ခဲ့ဘူး...သေချာပါတယ်... ကျွန်တော့်ရှေ့ကလူသားလေးက Jimin ဆိုတာ... ဘယ်သူမှ မသိပေမဲ့ လို့ ကျွန်တော် သိတယ်...ကျွန်တော်မှတ်မိနေတယ်.....။

ဒီကိုယ်သင်းနံ့ လေး....ဒီမျက်လုံးလေးတွေ...ဒီနှုတ်ခမ်းလေးတွေ.. ဒီအသံ.. ဒီအပြုံး..မမှတ်မိစရာလား... 11 နှစ်ပဲ ကြာကြာ.. အနှစ်တရာပဲ ကြာကြာ.. နောင်ဘဝပဲ ကူးပြောင်း သွားပါစေ.. ကျွန်တော် မေ့သွားလိမ့်မယ် မထင်ဘူးဗျ...အဲလောက်ထိကို Jimin က ကျွန်တော့်ပေါ် လွှမ်းမိုးနိုင်စွမ်းရှိသူ....တယောက်ထဲပဲ ...သူတယောက်သာ ကျွန်တော့်ရဲ့.. ပဲ့ကိုင်ရှင်.........။

ရုတ်တရက် ဖတ်လိုက်မိတော့ ရှက်သွားတယ်ထင်ပါရဲ့..ကျွန်တော့်ရင်ဘတ်ကို လက်သေးသေးနဲ့တွန်းပြီး ဖယ်ခိုင်းတော့မှ ကျွန်တော့်အသိပြန်ဝင်ခဲ့တယ်.. ကမ္ဘာငယ်လေးကို တချက်ကြည့်လိုက်တော့ မျက်နှာလေးရဲ ပြီး...ရှက်လို့ အောက်ငုံ့နေလေရဲ့... meeting ခန်းထဲက သူတွေအားလုံးက လဲ ဝိုင်းကြည့်လို့.. သူ့ဘေးက ရပ်နေတဲ့ သူကလဲ ကျွန်တော့်ကို ဝါးမြိုတော့မဲ့အတိုင်း မျက်လုံးမီးဝိုင်း ကြီးတွေနဲ့ ကြည့်နေတာ များ....လက်စသတ်. ..ကျွန်တော်ခန့်မှန်းရမယ်ဆို သူက Jimin ရဲ့ ညီဖြစ်သူဖြစ်လိမ့်မယ်.... တချက်ပေစောင်းစောင်းပြန်ကြည့်ပေးလိုက်ပြီး...အခြေနေတွေ ငြိမ်သွားအောင်... အမေ့ကို သတိရလို့ပါ အကြောင်းပြပြီး ထိန်းလိုက်ရတယ်...

ဟီး..စဥ်းစားကြည့်တော့ ဘာမှလဲမဆိုင်ဘူးနော်.. omma ရယ် တောင်းပန်ပါတယ်... ကျွန်တော်ကလူကြီးဆိုတော့လဲ အားလုံးက Aww ဆိုပြီး သာ ပြောပြီး ငြိမ်သက်သွားလေရဲ့...

"A Promise For Love🤙"[Completed]Where stories live. Discover now