6....💚

1.4K 138 5
                                    

" A Promise For Love " (Part-6)

မလာသေးဘူးလား...မလာသေးဘူးလား စိတ်နှင့် အလုပ်စစချင်းတွေ့ချင်လွန်းလွန်းလို့...ရုံးကို ဘယ်ချိန်ထဲက ကျွန်တော် ရောက်နေမှန်း သတိတောင်မထားမိဘူး.. တွေ့ချင် လိုက်တာ..ကျွန်တော် ကို တွေ့ရင်လေ ကျွန်တော့်ရဲ့ ကမ္ဘာငယ်လေး က ပျော်သွားမလား.. အတွေးတွေ စိတ်ကူးတွေနဲ့... ရုံးထွက်လာမိတာ.. ...security.. ဦးလေး က CEO စောလှချည်လား.. နှုတ်ဆက်မှ နာရီ ကြည့်မိတော့.. 5 နာရီတဲ့... ...

မထူးပါဘူးဆိုဘူး...ကျွန်တော့် အခန်းထဲမှာရှိတဲ့ မှန်ရှေ့မှာ မတ်တပ်ရပ်ပြီး ပြင်ဆင်နေမိတာလဲ အချိန် တော်တော်ကြာပဲ...

ကြည့်ကောင်းနေရမယ်လေ..သူများထက် ခုမှ ပြန်တွေ့ရတာမလား..ငယ်ငယ်ကလို နှပ်ချေးတွဲလောင်း ကျတိုင်း.. hyung အမြဲသုတ်သင် ပေးရတဲ့ ကလေးလေး မဟုတ်တော့ဘူးလေ... ဟီး...

တကယ်ဗျ.. ကျွန်တော်ငယ်ငယ်က အရမ်းညစ်ပတ်တာ..စက်ဘီး မစီး တက်လို့ Hyung ကို သင်ခိုင်းတာဗျာ..နှစ်ယောက်သား.. လမ်းဘေးဗွက်အိုင်ထဲ ကျလို့..ရွံတွေပေပြီး လူရုပ်ပျောက်ပြီး..စက်ဘီးလဲလို့ နာတာကို အာရုံမရ.. တယောက်နဲ့တယောက် ရွံ့တွေပေနေတာကြည့်ပြီး..ထပြီးရယ်.. ပြီးတော့ ရွံ့တွေနဲ့ကောက်ပေါက် ပြီး ဆော့ခဲ့တာ..

အိမ်ပြန်ရောက်တော့ နှစ်ယောက်သား အဆူခံလိုက်ရတာဆို မပြောနဲ့.. အဆူခံရလဲ ပျော်ပျော်ပဲ.. နောက်နေ့တွေ့တော့ အမေ က ဘယ်လိုဆူတာ ဆိုတာ ပြောပြီး အမေတို့ အတင်းတုပ်သေးတာ.. ဟားဟား...ငယ်ငယ်က ပုံရိပ်တွေကိုတွေးမိပြီး.. မှန်ရှေ့ရပ်ပြီး.. ပြုံးနေမိခဲ့တယ်... ခုတော့ hyung က ကျွန်တော့်ဆီ ပြန်ရောက်လာခဲ့ ပြီလေ....

Hyung က တခြားသူ တယောက်အဖြစ် ပြန်ရောက်လာခဲ့ပေမဲ့.. ကျွန်တော့်မျက်လုံးထဲက hyung ပုံစံက ဘယ်တော့မှ ပျောက်ပျယ် သွားမှာမဟုတ်.. hyung ဘာလို့ မမှတ်မိသလို ဟန်ဆောင်နေရတာလဲ မသိ.. ဒါမှမဟုတ် ကျွန်တော် အရွယ်​​ရောက်လာလို့ အရမ်းချော လွန်းသွားလို့ပဲ မမှတ်မိတာလား မသိပါဘူး..ဘာပဲ ဖြစ်ဖြစ်.. hyung က တော့ Jm hyung ပဲ...

"A Promise For Love🤙"[Completed]Where stories live. Discover now