"A Promise for Love " (Part-17)
သ
သိတာပေါ့ ခုတလော မင့် အမူအရာ
တွေထူးဆန်းနေတာကို...
ဒါပေမဲ့.. မသိချင်ယောင်ဆောင်ပေးထားပါတယ်
ယုံကြည်ပေးထားပါတယ်
ဘာလို့ဆို " ချစ်လို့လေ" ...လွန်ခဲ့တဲ့ တစ်လက Yoon Company
နဲ့ စာချုပ်ချုပ်ဖြစ်သွားတယ်
ဒါပေမဲ့ CEO နဲ့တော့ မတွေ့လိုက်ရဘူး
အလုပ်တွေရှုပ်နေလို့ဆိုလာလို့
အတွင်းရေးမှုးဆိုသည့် ကိုယ်စားလွှတ်လိုက်သူ
တစ်ဦးနှင့်သာ.. တွေ့ခဲ့ရပြီး..လိုအပ်တဲ့အချက်အလက်များအားစီစစ်ကာ
စာချုပ်ချုပ်ခဲ့လိုက်လေသည်... ။...။စလက်တွဲ ပြီး...နှစ်company သဘောတူ
ပူးပေါင်းလုပ်ဆောင်ခဲ့သောအိမ်ယာမြေ
စီမံကိန်းသည်... မြေရှင်များနှင့်ညှိနှိုင်းလွယ်ကာ
ရခဲ့သည်ဖြစ်၍..ဆောက်လုပ်ရေးစရန်တွက်
ညိုနှိုင်းနေရတာနဲ့ ကြောင့် ချစ်ရသူလေးနှင့်တောင် ခုတလောစကားသေချာမပြောဖြစ်..
သို့ပေမဲ့ အနားအချိန်ပြည့်ရှိနေသောကြောင့်
စိတ်ခံသာသေးသည်... ။မနက်ရုံးလာတယ်..ဆိုဒ်ထဲသွားတယ်
လိုအပ်တဲ့အစည်းဝေးတွေခေါ်တယ်
မှာကြားသင့်တာ မှာကြားပြီး အလုပ်ပေါ်
အာရုံမနဲစိုက်နေရသည်... ။
မစိုက်လို့လဲမရ.. ခုစီမံကိန်းမှာ yoon company နှင့်အတူ ပူးပေါင်းဆောင်ရွက်ထားရသောကြောင့် တခြား Project များထက် အရင်းနှီးပိုများသည်.... ။
တခုခု လွဲချော်သွားခဲ့ပါက... လမ်းဘေးဘဝ ရောက်နိုင်လောက်သည့်အထိ ကို ဖြစ်နိူင်သောကြောင့်.. ပိုပြီးအားစိုက်ခဲ့ရသည်... ။
အရင်းများ လျှင် ပြန်ရမဲ့အမြတ်ပမာဏ သည်လဲ ဆယ်ဆလောက်ရှိသောကြောင့်.. စာချုပ်ချုပ်ခဲ့ခြင်းလဲ ဖြစ်သည်.... ။လောဘကြီးလိုက်တာဟု မဆိုနှင့် စီးပွားရေးလောက ဆိုတာ ဒီလိုပင်နှယ်.. ဒါ့ထက်..ကျွန်တော် ဒီစီမံကိန်းပြီးသည်နှင့် ချစ်ရသူအား လက်ထပ်ကာ.. နိုင်ငံခြားအဝေးတနေရာသို့ ထွက်သွားပါတော့မည်... ။
ဒီကြားထဲ အချိန်တွေ ဘယ်သို့ဘယ်ဖုံ ကုန်သွားသည်နှယ် မသိ... မနက်ဖြန် Yoon Company နဲ့တရားဝင်ပူးပေါင်းကြောင်း...သတင်းစာရှင်းလင်းပွဲ လုပ်ရမည့် ပွဲ ရှိသည်... ။ နှစ်နိုင်ငံလုံးမှ ထိပ်တန်း စာရင်းဝင် ကုမ္မဏီများဖြစ်သည့်အလျောက် သတင်းဌာန အသီးသီးက သတင်းခေါင်းကြီးပိုင်းတွေတွင် ထည့်ကာကြေညာခဲ့သောကြောင့် ကိုရီးယား တနိုင်ငံလုံး အနှံ့ သတင်းပြန့်သွားခဲ့သလို လူအများရဲ့ စိတ်ဝင်စားခြင်းကိုလဲ ခံရပေသည်... ။
YOU ARE READING
"A Promise For Love🤙"[Completed]
FanfictionIntro....🤙 ကတိဆိုတာ လွယ်လွယ်နဲ့ထားခဲ့တာမဟုတ်ဘူးမလား........။ Hyung.. ဘာပဲ ဖြစ်ဖြစ် Hyung ကျွန်တော့်ဆီတနေ့ ပြန်ရောက်လာမယ်ဆိုတာကို ကျွန်တော်ယုံကြည်ပြီးစောင့်နေပါ့မယ်..... ။ (Unicode+Zawgyi) Intro....🤙 ကတိဆိုတာ လြယ္လြယ္နဲ႔ထားခဲ့တာမဟုတ္ဘူးမလား...