"14..😎"

1K 101 4
                                    

A Promise For Love (Part-14)

ဒီအပိုင်းလေး မစခင်ကြိုပြောချင်ကတာလေ..သာ ခုထိ ဒီ Fic လေးကို HE လုပ်ရမလား SE လုပ်ရမလားမဆုံးဖြတ်ရသေးပါဘူး...ဇာတ်လမ်းသဘောအရ.. Jimin လေးကို ဇာတ်နာ တဲ့ဘက်ခြမ်း ကရေးထားတာမို့ ထပ်ပြီးတော့ ဇာတ်နာခိုင်းရင် စိတ်ဆိုးမှာလားဟင်...😔
________________________

** လွန်ခဲ့ပြီးသော..လေးငါးရက်ခန့်က**
တချို့ မထင်မှတ်ထားတဲ့အရာတွေဟာ.. တခါတရံ ဘယ်သူမှ မသိလိုက်ခင် ဖြစ်ပျက်သွားတက်တယ်...အရာရာ အားလုံးက ကံစီမံရာတိုင်းမို့ .. ဘာတွေ ဖြစ်ပျက်သွားလဲ တချက်လောက် ပြန်သွားကြည့်ကြတာပေါ့..

အဲဒီ့နေ့က..အချိန်အခါမဟုတ်  မိုးတွေ အရမ်းရွာနေခဲ့တယ်...
ယောင်းလေးက.. ကင်ချီကျီဂဲ.. စားချင်တယ်ဆိုလို့.. လိုအပ်တာလေးတွေ.. အနားက Super Market ဆီသွားဝယ်ဖို့ရန် ထွက်လာခဲ့လိုက်တယ်..
ထွက်လာတုံးကတော့.. ရာသီဥတုက သာယာပါရဲ့.. Marketထဲရောက်ရောက်ချင်းပင်..  ဗြုန်းစားဂျီး ရွာချတဲ့မိုးကြောင့်.. မကြည်မလင်နဲ့.. စုတ်တချက်တော့ သပ်လိုက်မိသား...

ရုံးပိတ်ရက်ဖြစ်သည်မို့..စျေးကလဲ အနားတင်ဆိုတော့ ဖုန်းလဲမယူလာခဲ့မိ...ယောင်းလေးလဲ ခုချိန်ဆို အိပ်ရာကနေတောင် မနိုးလောက်သေး...
တယောက်ထဲ စျေးပတ်ရင်းနဲ့သာ...ခြင်းတခု ကိုင်တွန်း၍ Market ထဲ အချိန်တော်တော်ကြာ ပတ်ခဲ့မိလေသည်... ။

Market ထဲတယောက်ထဲ လျှောက်သွားနေတာ မှန်ပေမဲ့. ..ဘာလို့ရယ်မသိ.. အနောက်ကနေ တယောက်ယောက် က လိုက်ကြည့်နေသလို ခံစားရလို့ လှည့်ကြည့်တော့ရယ် မည်သူမှမရှိပေ...
ငါပဲ စိတ်ထင်နေတာ ဖြစ်မှာပါဟု တွေးကာ..
ဒီတိုင်းပဲ..ဆက်သွားနေမိခဲ့တယ်..

သို့ပေမဲ့ Market ရဲ့  တနေရာ အရောက်...ခေါက်ဆွဲထုပ်များ..ထားသော စင်ကြီးမှာ.. ကျွန်တော့်ဘက်သို့.. ယိုင်လဲလာခဲ့တယ်..
ကျွန်တော်လဲ လန့်သွားကာ.. ရှောင်ချိန်မရ..
သို့ပေမဲ့.. ကံကောင်းတယ်ပြောရမလား..

Market ကဗလ တောင့်တောင့် နဲ့ ဝန်ထမ်းလေးတယောက် ရှိနေတော့.. ကျွန်တော်ပေါ် ပြိုလဲ ကျလာတဲ့.. စင်ကြီးကို သူ့အားနဲ့ ဝင်ထိန်းပေးခဲ့လို့...
စင် ကတော့ကျွန်တော်ပေါ်မကျခဲ့ပေ...ခေါက်ဆွဲထုပ်များသာ.. ကျခဲ့ပြီး...အနာသက်သာသွားခဲ့သည်....။
စင် ​ကြီးတခုလုံးသာ ပိသွားခဲ့ရင် ကျွန်တော် ခုချိန်ဆိုဆေးရုံရောက်လာက်ပြီ...

"A Promise For Love🤙"[Completed]Where stories live. Discover now